နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်နှင့် တိုက်ပွဲများ ပြန်လည်စတင်နေပြီဟု ဒေသစံတော်ချိန် နံနက် (၆) နာရီတွင် အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကတည်းက စတင်ခဲ့သော ယာယီအပစ်အခတ်ရပ်စဲရေးသည် ခုနစ်ရက်အကြာတွင် ပြီးဆုံးခဲ့သည်။ ကြေညာချက်တစောင်တွင် အစ္စရေးစစ်တပ်က ဟားမတ်စ်ကို ဝေဖန်လိုက်ပြီး `ဟားမတ်စ်တို့က အပစ်အခတ်ရပ်စဲရေးကို ဖောက်ဖျက်ပြီး အစ္စရေးပိုင်နက်ထဲကို ဂါဇာမှ ဒုံးကျဉ်ဖြင့် ပစ်ခတ်ခဲ့သည်´ ဟု ပြောဆိုကာ ဂါဇာတခွင်ကို လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ ရိုက်တာသတင်း၏အဆိုအရ ဂါဇာကျန်းမာရေးအာဏာပိုင်များက လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးကို ကနဦးတွင် ကာတာ၊ အမေရိကန်နှင့် အခြားနိုင်ငံများက လေးရက်ကြာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ ယင်းကာလအတွင်း အစ္စရေးမှ ဟားမတ်စ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံ စုစုပေါင်း ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးမှ ဖမ်းဆီးထားသည့် ပါလက်စတိုင်း စုစုပေါင်း ၂၄၀ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်ဖက်စလုံးက တတိယအကြိမ် သက်တမ်းတိုးရန် ရည်ရွယ်ချက်ဖြင့် နောက်ဆုံးမိနစ်အထိ ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှု ပျက်သွားခဲ့သည်။

အစ္စရေးကမူ ဟားမတ်စ်သည် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း၊ နောက်ထပ် ဓားစာခံတွေ ပြန်လွှတ်ပေးရေး ကမ်းလှမ်းချက်ကို အစ္စရေးက လက်မခံဘူးဟု ဟားမတ်စ်ဘက်ကလည်း ဝေဖန်လိုက်ပါသည်။

အရှေ့အလယ်ပိုင်း ရုပ်မြင်သံကြားဌာန Al Jazeera ၏အဆိုအရ တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက်တွင် အစ္စရေးသည် ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာဒုက္ခသည်စခန်းနှင့် တောင်ဘက် အီဂျစ်နယ်စပ်ရှိ ရာဖာမြို့တို့ အပါအဝင် ကျယ်ပြန့်သော ဧရိယာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဟားမတ်စ်တို့ကို ဖျက်ဆီးပစ်ပြီး ဓားစာခံများကို လွတ်မြောက်စေမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရေ၊ အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုများကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများနှင့် လောင်စာဆီများဝင်ရောက်မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားမှုကြောင့် သွင်းကုန်များ ရပ်ဆိုင်းထားရပုံရပြီး အခြေအနေပြောင်းပြန်ဖြစ်လာနိုင်သည့် အန္တရာယ်ရှိပါသည်။

အစ္စရေးစစ်တပ်သည် အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သော မြေပြင်ကျူးကျော်မှုမှတစ်ဆင့် ဂါဇာမြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားပြီးဖြစ်သည်။ တောင်ပိုင်းကို ပစ်မှတ်ထားပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်မယ်ဟုလည်း အစ္စရေးက ကြေညာထားပါသည်။

မြောက်ပိုင်းမှ ဒုက္ခသည်များ အပါအဝင် အရပ်သား အများအပြားသည် ယင်းဒေသတွင် နေထိုင်ကြပြီး တိုက်ပွဲများတွင် အရပ်သား သေဆုံးမှုများ ဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသည်။ တိုက်ပွဲများစတင်ကတည်းက ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် နှစ်ဘက်စလုံးမှ လူ ၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်တွင် ၁၂၀၀ ခန့် သေဆုံးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် နိုဝင်ဘာ ၃၀ ရက်က အစ္စရေးသို့ သွားရောက်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ ပြန်လည်စတင်ပါက ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရစေမည့် တိုက်ခိုက်မှုမျိုး မပြုလုပ်ရန် ပြောကြားခဲ့သည်။ “ တောင်ဘက်မှာတော့ ဒီလို ထပ်မလုပ်မိဖို့ အမေရိကန်အတွက် အရေးကြီးပါတယ်” ဟု အစ္စရေးထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်များကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုခဲ့သည်။

[ဓာတ်ပုံ]

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်ပြီး အစ္စရေးစစ်တပ်က ဂါဇာကိုလေကြောင်းမှတိုက်ခိုက်နေသည့် မြင်ကွင်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 27 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 30 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 64 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 61 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 47 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 43 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

သမ္မတ ထရန့်ဖ်၏ တောင်ကိုရီးယား ခရီးစဉ်နှင့် ရွှေရောင်သရဖူ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 40 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် သမ္မတ ထရန့်ဖ်သည် ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးအဆင့်အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူ (Gyeongju)မြို့ သို့ ရောက်ရှိ ခဲ့ပါသည်။ ထိုမြို့တွင်
နိုင်ငံတကာသတင်း လက်တင်အမေရိက

ဟာရီကိန်းမဲလီဆာ (Hurricane Melissa)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 39 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် ဟာရီကိန်းမဲလီဆာသည် ကာရစ်ဘီယံဒေသတွင် အလွန်ထင်ရှားပြီး ဆိုးရွားလှသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ အဓိကအချက်အလက်နှင့် ထိခိုက်မှုများ အဆင့်နှင့် အင်အား: ဟာရီကိန်းမဲလီဆာသည် ဂျမေကာနိုင်ငံသို့ ကုန်းတွင်းဝင်ရောက်စဉ်တွင် အဆင့် ၅ (Category 5)