နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက် ဆေးရုံများတွင် ဒဏ်ရာရရှိသွားသော အရပ်သားများသည် ကြမ်းပြင်ပေါ်တွင် ပြည့်နှက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ဂါဇာ။

တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက် ဆေးရုံများတွင် ဒဏ်ရာရရှိသွားသော အရပ်သားများသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသည်ဟု ဟားမတ်စ်အဖွဲ့မှ ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ဂါဇာရှိ ဆေးရုံများတွင် အရပ်သားများ ပြည့်နှက်နေခဲ့ပြီး စစ်ပွဲဒဏ်ခံနေရသော နယ်မြေရှိ ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို လွှမ်းမိုးထားသည်။

သောကြာနေ့က အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှုများအတွင်း သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကြီးမှူး ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးဘက်က စစ်ရေးတိုက်ခိုက်မှုများသည် အရပ်သားများမဟုတ်ဘဲ ဟားမတ်စ်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ လူသားချင်းစာနာထောက်ထားမှု ခေတ္တရပ်နားမှု ပြီးဆုံးချိန်ကစလို့ အရပ်သားတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဆေးအဖွဲ့တွေဟာ ဒဏ်ရာရသူအများအပြားကို ကုသပေးနေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ashraf Al-Qidra က CNN သို့ ပြောကြားခဲ့သည်။

“ ဒဏ်ရာရသူတွေဟာ အရေးပေါ်ဌာနတွေနဲ့ ခွဲစိတ်ခန်းတွေရှေ့မှာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Ahmad Hasaballah / Getty Images

ဂါဇာတောင်ပိုင်းမှာလည်း အခြေအနေတွေ ပိုဆိုးလာပါတယ်။ ယခင်က အစ္စရေးက စစ်ရေးလှုပ်ရှားမှုများကို မြောက်ပိုင်းနေရာများကို အာရုံစိုက်ခဲ့ပြီးနောက် တောင်ပိုင်းနေရာတွင် မကြာသေးမီက တိုက်ခိုက်မှုများကို စတင်ခဲ့သည်။

“ဂါဇာကမ်းမြှောင်ရဲ့ တောင်ပိုင်းဒေသက ဆေးရုံတွေဟာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးဖို့မ နိုင်မနင်းဖြစ်လာပါတယ်။ အရေးပေါ်ဌာနက နောက်ထပ် လူနာတွေကို လက်မခံ နိုင်တော့ပါဘူး” ဟု ခန်းယွန်းနစ်စ်ရှိ ဥရောပဆေးရုံ ဒါရိုက်တာ ဒေါက်တာ Youssef Al-Akkad က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

စနေနေ့က ခန်းယွန်းနစ်စ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းတို့၏ ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။