နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရာသီဥတု ဥရောပ

နှင်းမုန်တိုင်းတစ်ခုကြောင့် မြူးနစ်လေဆိပ်ကို ရပ်တန့်သွားစေပြီး ဥရောပအလယ်ပိုင်းတွင် ခရီးသွားလာမှုများကို မငြိမ်မသက်ဖြစ်စေသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ဥရောပ။

ဂျာမနီတောင်ပိုင်းနှင့် သြစတြီးယား၊ ဆွစ်ဇာလန်နှင့် ချက်သမ္မတနိုင်ငံတို့တွင် ဆောင်းရာသီမုန်တိုင်းတစ်ခု တိုက်ခတ်ပြီးနောက် စနေနေ့တွင် မြူးနစ်လေဆိပ်တွင် ပျံသန်းမှုအားလုံးကို ရပ်နားထားလိုက်ရသည်။ စနေနေ့မွန်းတည့်အထိ လေကြောင်းသွားလာမှု ရပ်နားထားရမည်ဟု ကနဦးကြေညာပြီးနောက် လေဆိပ်မှ လေယာဉ်ခရီးစဉ်များကို တနင်္ဂနွေနေ့ နံနက် ၆ နာရီအထိ ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆွစ်ဇာလန်ဘဏ္ဍာရေးမြို့တော် ဇူးရစ်ခ် အပါအဝင် ဒေသတွင်းရှိ အခြားလေဆိပ်များတွင်လည်း ရာသီဥတုဆိုင်ရာ နှောင့်နှေးမှုများနှင့် လေကြောင်းပျံသန်းမှု ဖျက်သိမ်းမှုများကို ထုတ်ပြန်ကြေညာခဲ့သည်။

မြူးနစ်မြို့လယ်ဘူတာရုံရှိအဝင်အထွက် ရထားများ ရပ်နားထားရကြောင်း ဂျာမနီအမျိုးသား မီးရထားမှ ခရီးသည်များအား ၎င်းတို့၏ ခရီးစဉ်များ ရပ်ဆိုင်းပြီးစောင့်ဆိုင်းရန် သို့မဟုတ် အခြားလမ်းကြောင်းကို ပြောင်းရှာရန် အကြံပေးခဲ့သည်။ မြူးနစ်နှင့် အနီးနားရှိ Ulm မြို့မှ ခရီးသည်အချို့သည် သောကြာနေ့ညတွင် ရထားများပေါ်တွင် နေထိုင်ခဲ့ရကြောင်း DPA သတင်းဌာနက ဖော်ပြခဲ့သည်။ မြူးနစ်တွင် စနေနေ့ မွန်းလွဲပိုင်းအထိ ဘတ်စ်ကား သို့မဟုတ် ရထားတွဲများ ပြေးဆွဲမှု မရှိခဲ့ကြောင်း ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ မြေအောက်ရထားနှင့် ဒေသတွင်း ရထားလိုင်းအချို့လည်း ရာသီဥတုဒဏ်ခံရသည်။

ဂျာမနီတောင်ပိုင်းတွင် ဆီးနှင်းများ အလွန်အမင်းကျနေသည့် ပြဿနာဖြစ်နေခြင်းကြောင့် ဘိုင်ယန်မြူးနစ် အသင်းသည် ယူနီယံဘာလင်နှင့်ပွဲအား ရပ်နားထားရသည်။ ကျိုးကျနေသော သစ်ပင်များကြောင့် Bavaria ပြည်နယ်တစ်ဝှမ်းတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့ပြီး လျှပ်စစ်ဓါတ်အား မရရှိသော လူထောင်ပေါင်း များစွာကို ဒုက္ခတွေ့စေခဲ့သည်၊ ရေမီးဓါတ်ငွေ့ ကုမ္ပဏီ Bayernwerk မှ dpa သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဂျာမနီ ဘွန်ဒက်စ်လီဂါ (Bundesliga) တာဝန်ရှိသူများကလည်း ဘိုင်ယန်မြူးနစ် အသင်းနှင့် ယူနီယံဘာလင် အသင်းတို့ကြား စနေနေ့ညနေခင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဘောလုံးပွဲအား ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ မြူးနစ်မြို့ အနောက်မြောက်ပိုင်းရှိ အောက်ဘာဗာရီယားဒေသရှိ ရဲတပ်ဖွဲ့က သောကြာနေ့ညနှင့် စနေနေ့ အစောပိုင်း ကြားတွင် နှင်းများနှင့် ရေခဲနှင့်ပတ်သက်သည့် အရေးပေါ်အခြေအနေပေါင်း ၃၅၀ ကို တုံ့ပြန်ခဲ့ပြီး အချို့မှာ ဒဏ်ရာ အနည်းငယ်မှ အလယ်အလတ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩစတြီးယားနှင့် ဆွစ်ဇာလန်တို့တွင် နှင်းကျမှုအသစ်ကြောင့် တာဝန်ရှိသူများက နှင်းပြိုကျမှုအန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။ သြစတြီးယားနိုင်ငံအနောက်ပိုင်း Tyrol နှင့် Vorarlberg တို့သည် ယင်းဒေသတွင် ညတွင်းချင်း နှင်းထု ၅၀ စင်တီမီတာ (၂၀ လက်မ) အထိ နှင်းထူထပ်ပြီးနောက် ဒုတိယအမြင့်ဆုံးအဆင့်သို့ နှင်းမုန်တိုင်း သတိပေးချက်ကို မြှင့်တင်ခဲ့သည်။ သြစတြီးယား မီးရထားကုမ္ပဏီ OeBB က မုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ ၎င်း၏လမ်းကြောင်းများ အသီးသီးကို ပိတ်ထားရကြောင်း စနေနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ ချက်သမ္မတနိုင်ငံ၌ အဓိကအဝေးပြေးလမ်းမကြီးနှင့် အခြားလမ်းအချို့ကို နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပြီး ရထားများနှင့် အများသူငှာ သယ်ယူပို့ဆောင်ရေး နှောင့်နှေးမှုများနှင့် ဖျက်သိမ်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အိမ်ထောင်စု ၁၅,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ သည်။

မြို့တော်ပရာ့ဂ်ကို ဒုတိယအကြီးဆုံးမြို့ Brno နှင့် ချိတ်ဆက်သည့် အဓိက D1 အဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ 20 (12.4 မိုင်) ရှည်လျားသော ကုန်တင်ကားများကို မတော်တဆမှုဖြစ်ပွားပြီးနောက် နာရီအတော်ကြာ ရပ်တန့်နေခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများသည် အဝေးပြေးလမ်းမကြီး၏ အခြားအစိတ်အပိုင်းများ အပြင် ပရာ့ဂ်မြို့နှင့် ဂျာမနီနိုင်ငံတို့ကို ဆက်သွယ်ထားသည့် D5 ကိုလည်း ထိခိုက်ခဲ့သည်။ အိမ်နီးချင်းသြစတြီးယားနှင့် ဂျာမနီနိုင်ငံတို့မှ နယ်စပ်ဖြတ်ကျော်ရထားများ လည်ပတ်ခြင်း မရှိသဖြင့် နိုင်ငံတောင်ပိုင်းတွင် မြန်နှုန်းမြင့်နှင့် ဒေသဆိုင်ရာရထားများ ရပ်နားခဲ့ရပြီး အချို့သောလမ်းများမှာ နေ့စဉ်ပိတ်ထားမည်ဟု မျှော်လင့်ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။