၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ခေတ်မျတ်လုံး။
ဒီကနေ့ နံနက် (၇)နာရီ (၅)မိနစ်အချိန်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပကဖနဲ့ မဟာမိတ်တို့ပူးပေါင်းကာ ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ သုဝဏ္ဏရဲစခန်း စောစောစီးစီး အုံးခံရတာ။ အသံ ၂ချက်လောက်ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်တယ်” လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ နံနက် ၇နာရီဝန်းကျင်ခန့်မှာလည်း သာကေတနဲ့ ဗဟန်းမြို့တို့မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။