နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

1027 Operations

1027 Operations

ခေတ်သစ် အမျိုးသားအောင်ပွဲနေ့ တစ်ရက် ထပ်မံဖန်တီးနိုင်မယ်လို့ ယုံကြည်ကြောင်း NUG ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။

စစ်အာဏာရှင်ကို လက်တွဲညီညီ ဆက်လက်တော်လှန်သွားမယ်ဆိုရင် ခေတ်သစ် အမျိုးသားအောင်ပွဲနေ့ တစ်ရက်ကို ထပ်မံ ဖန်တီးနိုင်မယ်လို့ ယုံကြည်ကြောင်း NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

NUG အနေနဲ့လည်း တစ်ဖက်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးဖို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး စတဲ့ ကဏ္ဍပေါင်းစုံ၊ စစ်မျက်နှာစာမျိုးစုံ ဖွင့်လှစ်ကာ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ မျှော်ရည်မှန်းချက်တွေကို အမြန်ဆုံး ချမှတ်အကောင်အထည်ဖော်နိုင်ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းကာ ပြည်သူ့နွေဦးတော်လှန်ရေး အောင်ပွဲအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

မတရားအကြမ်းဖက်တာတွေကို ခုခံကာကွယ်နိုင်ဖို့၊ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် နိုင်ငံတ၀န်းက ကျောင်းသားလူငယ်တွေအပါအ၀င် တော်လှန်ရေးအင်အားစုအသီးသီး စုပေါင်းကာ နွေဦးတော်လှန်ရေးကို ဒီကနေ့အထိ ပါ၀င်ဆောင်ရွက်နေကြတယ်လို့ ရေးသားထားပါတယ်။

အခုပြည်သူ့နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပြည်သူလူထုရဲ့ လိုလားချက်၊ ဘုံရည်မှန်းချက်ကို အခြေပြုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)မှာ ဖော်ပြထားတဲ့ စံတန်ဖိုးတွေကို ကိုင်စွဲပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ပူးပေါင်းပါ၀င်ပြီး ဆက်လက်တော်လှန်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 26 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 33 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 34 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 30 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ “ အခု ရပ်ကွက်အလိုက်မှာ အစည်းအဝေးခေါ်ပြီး ပြောတာ။ မြို့ပေါ်က ရပ်ကွက်တွေမှာ စကစက ပြန်အုပ်ချုပ်မယ်ပေါ့၊ ဘယ်လိုပုံစံလာမလဲတော့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 41 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငလျင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်လာတဲ့