** MADAA အလောင်းပြန်အပ်လို၍ စစ်ကောင်စီကို ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်း မရှိဟုဆို **
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ ခေတ်မျက်လုံး။
ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းစတဲ့နေရာရှိ စစ်ကောင်စီတပ်တွေ နှစ်ပေါင်း (၃၀) နီးပါး တပ်စွဲတည်ဆောက်ခဲ့တဲ့ တပ်စခန်းတွေကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ အကြွင်းအကျန်တပ်ဖွဲ့ဝင်တွေ နေရာအနှံကို ထွက်ပြေးပုန်းအောင်းခဲ့ရာ ရှောက်ကိုင်အုပ်စုနေရာတကြောမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာကျော်ကို MNDAA ဘက်က ဝန်းရံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှင်းလင်းနေစဉ်မှာ သေဆုံးသွားတဲ့ စစ်ကောင်စီရုပ်အလောင်းတစ်လောင်းတွေ့ရှိပြီး အဲ့ဒီ ရုပ်အလောင်းပေါ်မှာ ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိရတဲ့အတွက် သေဆုံးသွားသူမှာ စကခ (၁၂) က စကခမှူး အောက်ဇော်လင်းတယ်လို့ ယူဆကြောင်း MNDAA က ဓာတ်ပုံနဲ့တကွ လူမုကွန်ရက်စော်မျက်နှာ X မှာ ဖော်ပြထားပါတယ်။
MADAA အလောင်းပြန်အပ်လိုတဲ့အတွက် စစ်ကောင်စီကို ဆက်သွယ်နေပေမယ့် အကြောင်းပြန်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။