နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အာရှ

ထိုင်းဝန်ကြီးချုပ်က “လက်ရှိအချိန်ထိ မြန်မာစစ်တပ်နဲ့ လျှို့ဝှက်စွာ နောက်ကွယ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက်၊ တိုကျို။

ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အထူးထိပ်သီးအစည်းအဝေး (Association of Southeast Asian Nations) မစတင်မီ ထိုင်းဝန်ကြီးချုပ်ကို NHK က တွေ့ဆုံမေးမြန်းရာတွင် လက်ရှိအချိန်ထိ မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်စွာ နောက်ကွယ်မှာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်ဟု ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများကို တည်ငြိမ်သွားစေရန် ရည်ရွယ်၍ ထိပ်သီးအစည်းအဝေးတွင် အခြားနိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း ၎င်း၏ ရပ်တည်ချက်ကို အလေးပေး ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်က ယမန်နေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့ မနက်ပိုင်း တိုကျိုတွင် ပြုလုပ်ခဲ့သည့် NHK နှင့် တစ်ကိုယ်တော် တွေ့ဆုံမေးမြန်းခန်းတွင် ဤကဲ့သို့ ဖြေကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကမောက်ကမဖြစ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်းက ” ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းရမှာ သဘာဝကျပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် “ (စစ်ကောင်စီ) နှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးနိုင်သရွေ့ ဆက်လက်ဆွေးနွေးရန် အရေးကြီးဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေမှုဟာ ဒေသတစ်ခုလုံးကို သက်ရောက်မှုရှိနေတဲ့အတွက် အဲ့ဒီပြဿနာကို အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရေးအတွက် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။” ဟု ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းသွားဖို့ ရည်ရွယ်ပြီး ဤထိပ်သီးအစည်းဝေးတွင် အခြားနိုင်ငံများနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးရန် ၎င်း၏ ရပ်တည်ချက်ကို အလေးပေး ပြောကြားခဲ့ပါသည်။

ထိုင်းဝန်ကြီးချုပ်က “ အစိုးရက ကတိမတည်ရင် ပြည်သူက အပြစ်ပေးလိမ့်မယ်။ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကို တိုးမြင့်စေအောင် လုပ်တာပဲဖြစ်တယ်” ဟု ပြောဆိုပြီး ထိုင်းအစိုးရတည်ငြိမ်ရေး ရည်ရွယ်ပြီး ဆောင်ရွက်နေပါကြောင်းနှင့် စီးပွားရေးကွာဟမှုကို ဖြေလျော့နိုင်ရေးနဲ့ နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တဖက်မှာလည်း ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ်၏ ဖွေထိုင်းပါတီသည် အထွေထွေရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့သည် ဒီမိုကရေစီလိုလားသည့် Move Forward ပါတီကို ဖယ်ရှားခဲ့ပြီး နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့သည့် စစ်တပ်နှင့်နီးစပ်သည့် ရှေးရိုးစွဲပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ထိုင်းအစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Source/Photo: NHK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

 ဆွီဒင်နိုင်ငံသားများအား အစားအစာနှင့် ဆေးဝါးများ သိုလှောင်ပြီး “စစ်ပွဲအတွက် ပြင်ဆင်ရန်” ဆွီဒင်အစိုးရ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 16 Views
နိုဝင်ဘာလ (၂၃) ရက်။ ဆွီဒင်အစိုးရသည် ဥရောပတွင် မကြာမီ စစ်ဖြစ်တော့မည့် အလားအလာကို မျှော်မှန်းထားပြီး အစားအသောက်နှင့် ဆေးဝါးများ သိုလှောင်ရန်
နိုင်ငံတကာသတင်း ဥရောပ

ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း ပူတင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 17 Views
နိုဝင်ဘာလ (၂၃) ရက်။ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအား ရုရှားကို လက်နက်ကြီးဖြင့် တိုက်ခိုက်ရန် ခွင့်ပြုပြီးနောက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 11 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားစစ်ပွဲဆီကို ဦးတည်တော့မှာလား?

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 14 Views
နိုဝင်ဘာလ (၂၂) ရက်။ နိုဝင်ဘာလ ၂၁ ရက်နေ့က ရုရှားက နျူကလီးယားအထိ ထည့်သွင်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲဟာ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။ အခုတိုက်ခိုက်မှုဟာ ရုရှားနှင့် အနောက်အုပ်စုကြား ပဋိပက္ခမှာ အန္တရာယ်ရှိတဲ့ အခိုက်အတန့်ကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ရှေ့နေချုပ် ရာထားခံရသည့် AG (Attorney General) မတ်ဂိတ်ဇ် နှုတ်ထွက်ပြီးနောက် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 13 Views
+++++++++++++++++++++++++++++++ ရှေ့နေချုပ် ရာထားခံရသည့် မတ်ဂိတ်ဇ် (Matt Gaetz) နုတ်ထွက်ပြီးနောက် ၆ နာရီအတွင်း ထရန့်သည် ပန်းမ်ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့သည်။ ရွေးကောက်ခံသမ္မတထရန့်သည် ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်ဟောင်း ပန်းမ်ဘွန်ဒီကို တရားရေးဌာနကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 13 Views
နိုဝင်ဘာလ (၂၂) ရက်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က အမေရိကန်က ပယ်ချလိုက်ပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းက ဓားစာခံတွေကို လွှတ်ပေးဖို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသည် ၎င်း၏နျူကလီးယားလက်နက်သုံးစွဲမှုဆိုင်ရာ အယူဝါဒကို ပြန်လည်ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 16 Views
နိုဝင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတပူတင်သည် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက် သုံးစွဲမှုအယူဝါဒကို ၁၉ ရက်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် လက်နက်များနှင့် ရုရှားနိုင်ငံတွင်းကို တိုက်ခိုက်ရန် ယူကရိန်းကို ခွင့်ပြုခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို ရုရှားဖက်ကို ပထမဆုံးအကြိမ် ယူကရိန်း ပစ်လွှတ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 21 Views
နိုဝင်ဘာလ (၂၀) ရက်။ ယူကရိန်းသည် နယ်စပ်ဖြတ်၍ ပထမဆုံးအကြိမ် အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားလက်နက်တိုက်တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်အရ စစ်ပွဲ ရက်ပေါင်း ၁,၀၀၀ အကြာတွင် ကြီးမားသော တိုးတက်လာမှုတစ်ခုဖြစ်သည်။