နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်၊ ခေတ်မျတ်လုံး။

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ လက်အောက်ကို အပြည့်အဝမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၁၉)ရက်နေ့က မူဆယ်မြို့က စစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်ဘက်က ထောက်ပို့ယာဉ်နဲ့ စစ်ကူလူအင်အားနဲ့ ရိက္ခာတွေ (၂)ကြိမ် ထပ်မံလာပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် “ ၁၀၂၇ စစ်ဆင်ရေး” ရဲ့ ဒုတိယအဆင့်ကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ဆောင်နေတယ်လို့လည်း ညီနောင် (၃)ဖွဲ့က အသိပေးထားပါတယ်။

TNLA အနေနဲ့ နမ့်ခမ်းမြို့က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းကြီး၊ငယ် စုစုပေါင်း (၁၉)ခုခန့်ကို တစ်လအကြာမှာ အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဖော်ဆောင်ဖို့နဲ့ PDF အလိုမရှိဆိုပြီး ဆန္ဒပြတဲ့ရုပ်သံဖိုင်က သတင်းအမှားလို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 5 Views
ဩဂုတ်လ (၇)ရက်။ ဆားလင်းကြီးမြို့ ထန်းပုရွာမှာ ရွေးကောက်ပွဲဖော်ဆောင်ဖို့နဲ့ PDF အလိုမရှိဆိုပြီး ဆန္ဒပြတဲ့ ရုပ်သံဖိုင်က သတင်းအမှားလို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ သကိတ်မှောက်ဖို့ သမဂ္ဂအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 13 Views
ဩဂငတ်လ (၇)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ သပိတ်မှောက်ကာ စစ်သုံးစစ်အမြစ်ဖြတ်ဖို့အတွက် ပိုမိုအားစိုက်ခြေကုန်သုတ်ကြဖို့ သမဂ္ဂအဖွဲ့တွေက မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 28 Views
ဩဂုတ်လ (၇)ရက်။ စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ဆိုပြီး အမေရိကန်ရီပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ သူတို့ရဲ့
မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေခဲ့ပြီလို့ စစ်တပ်ထုတ်ပြန်လာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 15 Views
ဩဂုတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးသွားခဲ့ပြီလို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေဟာ မနေ့က နံနက်ပိုင်းမှာ သေဆုံးခဲ့တယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် နေ့လယ်ပိုင်းအချိန်မှာတော့ သတင်းအမှားဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းမှူးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 20 Views
ဩဂုတ်လ (၇)ရက်။ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာမှာ ကျူးလွန်ခံရတဲ့ မိသားစုဝင်တွေ ခြိမ်းခြောက်ခံနေရတယ်လို ပြောဆိုချက်တွေအရ သိရပါတယ်။ “ အခု သတင်းတွေတက်လာတော့ ကျွန်မထင်ပြီး ဦးလေးဆီလာပြီး သတင်းတင်ထားတာတွေကို ခုချက်ချင်းဖျက်ပေးဖို
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 41 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က နွားထိုးကြီးမြို့ရှိ ကနား-ပြင်စည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီဂာားတစ်စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နေ့လယ် (၃)နာရီ (၁၂)မိနစ်လောက် ပြင်စည်ရွာကိုသွားတဲ့
မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေပြီလို့ စစ်တပ်က ထုတ်ပြန်ပေမယ့် သတင်းအမှားဆိုကာ ဇော်မင်းထွန်းပြန်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 28 Views
ဩဂုတ်လ (၆)ရက်။ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သတင်းအမှားဆိုကာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေ သေပြီဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပြီး အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)မှာ ဆေးကုသနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 33 Views
ဩဂုတ်လ (၆)ရက်။ ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်