၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။
ဒီဇင်ဘာလ (၂၄) ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ ဆမီးမြို့ရဲစခန်းက ရဲဝန်ထမ်း (၄) ဦး ချင်းနယ်မြေကာကွယ်ရေးတပ်-ပလက်ဝ (CDF-Paletwa) ထံကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ထဲမှာ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၁ ဦး စုစုပေါင်း ၄ ယောက် ဖြစ်တယ်လို့ သိရအာတယ်။ လက်နက်ခဲယမ်းတွေပါလာတဲ့အတွက် တစ်ဦးစီကို မြန်မာငွေကျပ် သိန်း (၄၀) ထောက်ပံ့ချီးမြင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလေးဦးကို ဘေးကင်းလုံခြုံစိတ်ချရတဲ့ နေရာကို ပိုဆောင်ပေးခဲ့တယ်လို့ သိရှိရပြီး နောက်ထပ် အလင်းဝင်ချင်လာတဲ့ ရဲတပ်ဖွဲဝင်၊ စစ်သားတွေ လက်နက် ပါ၊ မပါ အမြဲကြိုဆိုနေပါတယ်လို့ ပြောထားပါတယ်။
သူတိုနဲ့အတူ G3 သေနတ် သုံးလက်၊ G3 ကျည်ဆံ ၄၈၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ 94 သေနတ် ၁ လက်၊ ၎င်းကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၂၀၀ တောင့်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။