၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ ဒီဇင်ဘာလ (၂၆)ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့ရှိ ပန်းဆိုးတန်း ဒလမြစ်ကူးဗောတံတား(နန်းသီတာ)မှာ တော်လှန်လူငယ်အချို့က ဘန်နာချိတ်ဆွဲလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနန်းသီတာဗောတံတားမှာ 21 Union Eagles နဲ့ Sanchaung New Generation အဖွဲ့တို့က “ အမှန်တရားအတွက် ဒီတစ်ကြိမ်ပဲ ရဲဝံ့ပါ။ ရန်ကုန်မှာငါတို့ရှိတယ်” စာတန်းပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တော်လှန်လူငယ်အဖွဲ့တွေက စစ်အာဏာရှင်အလုံးစုံပျက်သုဉ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ဖို့အတွက် အခုလို ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း အကြောက်တရားကိုဆန့်ကျင်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လှုပ်ရှားမှုမှာပါဝင်တဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ မေတ္တာရပ်ခံထားချက်အရ သိရပါတယ်။