နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ္မတူမြိုနယ်အတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက် ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူမြိုနယ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် Ta’ang Education Center (TNEC) ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအနီးမှာ ရပ်နေတဲ့ အသက်(၂၀) အရွယ် TNEC ကျောင်းဆရာမ လွေးမေဖြိုးအိကို ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းရှိ ဆရာတော်နဲ့ ကိုရင်လေးတို့ကတော့ နမ္မတူမြိုနယ်မှာ တိုက်ပွဲစဖြစ်ကတည်းက ဘုန်းကြီးကျောင်းမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရဲ့အတွက် ထိခိုက်မှုမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းဆောင် တခုလုံး ပျက်စီးသွားခဲ့ရတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အလားတူ မနေ့က ညနေ (၄) နာရီ (၁၇) မိနစ်မှာ နမ္မတူမြိုတံတားအနီးကို ဂျက်လေယာဉ်နီ ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲ့ဒီတံတားအနီးရှိ ဒေသခံ(၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၂၈) ရက်နေ့ ည (၈) နာရီဝန်းကျင်မှာ သီပေါမြိုနယ်၊ နမ့်ဟူးနွဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်ဟူးနွဲဘုန်းကြီးကျောင်းအတွင်းကို ကျရောက်ပေါက်ကွဲသွားကာ ကျောင်းဆောင်နဲ့ ဇရပ် ပျက်စီးသွားခဲ့ရပြီး လူထိခိုက် သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ္မတူမြိုနယ်ဒေသခံ (၃) ဦးသေဆုံးခဲ့ပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် (၁၀) လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို
မြန်မာသတင်း

နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်း‌ပယောဂကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းပယောက ကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တိုင်းရင်းသားညီအကိုတွေ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်ဟာ ဟန်ပြလွှတ်တော်လို့ CNF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ အတုအယောင်ရွေးကောက်ပွဲက ထွင်ပေါ်လာမယ့် ပြည်ထောင်စုလွှတ်တော်ဟာ ဟန်ပြလွှတ်တော်သာဖြစ်တယ်လို့ CNF ရဲ့ ဒီကနေ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင် ပြည်ထောင်စုလွှတ်တော်ဟာ အမျိုးသားညီလာခံလို (၁၄)နှစ်ကြာ အချိန်ဆွဲပြီး စစ်တပ်အာဏာတည်မြဲဖို့
မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ စစ်ရေးဖော်ဆောင်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစုပေါင်းစစ်ဆင်ရေးထဲ စစ်ကော်မရှင်စခန်း (၄)ခုကို
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို သိရပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့အတူ ကရင်အမျိုးသား
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို