၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
လားရှိး-နမ္မတူ ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို ဖောက်ခွဲခံရပြီး တံတားကြီး ကျိုးကျသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
ရှမ်းမြောက် လားရှိးမြို့၊ အီနိုင်းရွာမှာ တည်ရှိတဲ့ အီနိုင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိးနဲ့ ၄၅ မိုင်သာဝေးတဲ့ နမ္မတူမြို့ကို တအာင်းတပ် (TNLA) နဲ့ မဟာမိတ်တပ်ဖွဲတို့က သိမ်းပိုက်ထားပြီးနောက် လားရှိုးမြို့ကို လာတိုက်မှာ စိုးရိမ်တဲ့အတွက် မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ အီနိုင်းတံတားကို ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အီနိုင်းတံတားမှာ အမြဲတမ်း ထိုင်ထားတာဖြစ်ပြီး မနေ့ညက စစ်ကောင်စီတပ် ဆုတ်ခါနီးမှာ ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ ဒေသခံတွေကို ဆိုပါတယ်။ TNLA က ဒီလမ်းကြောင်း အသုံးပြုပြီး လားရှိးကို ဝင်လာမှာ စိုးရိမ်တဲ့အတွက် ဒီတံတားကို ဖောက်ခွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီမနက်စောစောမှာပဲ လားရှိး-နမ္မတူ ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို TNLA က ဖျက်စီးလိုက်တယ်လို့ စွပ်စွဲထားပါတယ်။ နမ္မတူနဲ့ မန်တုံဘက်အခြမ်းကို လွယ်လင့်တကူ စစ်ကောင်စီက တန်ပြန်ထိုး စစ်မလာနိုင်အောင် ကာထားလိုက်တဲ့သဘောလို့ ဖော်ပြထားပါတယ်။
TNLA ရဲ့ နောက်ဆုံးရည်မှန်းချက်က လားရှိးဖြစ်နိုင်သလို လက်ရှိအဖြစ်နိုင်ဆုံး တိုက်ခိုက်လာနိုင်တာက သီပေါဘက် အခြမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ တဆက်တည်း စီးပွားရေးအရ နွယ်နေတဲ့ ပြည်ထောင်စုလမ်းပိုင်း ဖြစ်တဲ့ ကွတ်ခိုင်၊ သီပေါ၊ လားရှိး တကြောလုံးကိုလည်း သတိထားဖို လိုအပ်တော့မှာလည်းဖြစ်တယ်လို့ သတိပေးထားပါတယ်။
နမ္မတူမြို့ကိုတော့ TNLA က သိမ်းပိုက်ထိမ်းချုပ်ထားပြီး ဖြစ်ပါတယ်။