နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေး ရုန်းကန်လှုပ်ရှားနေရတယ်လို့ သမ္မတရှီကျင့်ဖျင်ဝန်ခံပြောဆို

တရုတ်နိုင်ငံရဲ့ စီးပွါးရေးလုပ်ငန်းတွေ ရုန်းကန်လှုပ်ရှားနေရပြီး နိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင်ရှာဖွေရာမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သမ္မတရှီကျင့်ဖျင်က ဇန်နဝါရီလ 1 ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဒါဟာ သမ္မတရှီကျင့်ဖျင်အနေနဲ့ 2013 ခုနှစ်က စတင်ပြောကြားခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုင်းပြည်ရဲ့ စီးပွါးရေးကျဆင်းနေတာကို ပထမဆုံးအကြိမ်ထုတ်ပြောသွားခဲ့တာပါ။ ဝယ်လိုအားနည်းပါးခြင်း၊ တည်ဆောက်မှုနှေးကွေးခြင်းနဲ့ စီးပွါးရေးအရ ယုံကြည်မှုများကျဆင်းလာမှုတွေကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်နိုင်ငံရဲ့ စီးပွါးရေးဟာ အရေးကြီးတဲ့အကူးအပြောင်းကာလကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရုပ်သံကတဆင့်ပြောကြားခဲ့တဲ့ အဲဒီမိန့်ခွန်းမှာ သမ္မတရှီက “ အခြေခံလိုအပ်ချက်တွေ ပြည့်မီဖို့ တချို့လုပ်ငန်းတွေ အခက်အခဲနဲ့ရင်ဆိုင်နေရသလို တချို့လူတွေလည်း အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲနေကြပါတယ်။ အဲဒါတွေအားလုံး ကျတော့် ခေါင်းထဲမှာ အမြဲရှိနေပါတယ်။ စီးပွါးရေးပြန်လည်ဦးမော့လာဖို့အတွက် ကျတော်တို့ အရှိန်အဟုန်နဲ့ စုစည်းလုပ်ဆောင်သွားပါ့မယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

နိုင်ငံပိုင်ရုပ်သံကနေ ရှီ မိန့်ခွန်းမပြောခင် တစ်နာရီခန့်မှာ တရုတ်အမျိုးသား စာရင်းအင်းဗျူရို (NBS) က စက်ရုံတွေရဲ့ လစဉ်ဝယ်ယူမှုအညွှန်းကိန်း(PMI) ကို ထုတ်ပြန်ခဲ့ရာမှာ စက်ရုံတွေရဲ့ ဒီဇင်ဘာလ လှုပ်ရှားမှုဟာ 6 လအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

အိမ်ယာစီမံကိန်းတွေ ရောင်းအားကျဆင်းမှု၊ လူငယ်အလုပ်လက်မဲ့ပြဿနာကြီးထွားလာမှု၊ ကုန်စျေးနှုန်းကြီးမြင့်လာမှုတွေကြောင့် ပြည်နယ်အစိုးရတွေမှာ ဘဏ္ဍာရေးအကြပ်အတည်းတွေရင်ဆိုင်လာရပြီး တရုတ်နိုင်ငံရဲ့ စီးပွါးရေးဟာ အကျဘက်ကို ရောက်ရှိလာခဲ့ရတာပါ။ 2024 ခုနှစ်မှာ ငွေကြေးဆိုင်ရာမူဝါဒတွေကို ပြောင်းလဲပြီး စီးပွါးရေးလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဖို့ တွန်းအားပေးမှုတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ စီးပွါးရေးလုပ်ငန်းအချို့ကို ပိတ်သိမ်းပစ်ခြင်းကလည်း နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေကို မောင်းထုတ်သလိုဖြစ်နေတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက