နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်ဒေသရှိ မြို့နယ် (၅)ခုမှာ စစ်ကောင်စီက စစ်ရေးအင်အား ပိုမိုချဲ့ထွင်လာ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။

ရခိုင်ပြည်နယ်ထဲက ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မြေပုံနဲ့ စစ်တွေမြို့တွေမှာ စစ်ကောင်စီက စစ်ရေးအင်အား ပိုမိုချဲ့ထွင်လာတယ်လို့ ညီနောင်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီလို ရခိုင်က မြို့နယ်အချို့မှာ စစ်ကောင်စီက စစ်ရေးအင်အား ကြိုတင်ပြင်ဆင်တာတွေကို အခုနှစ်သစ်ကာလ ပထမရက်သတ္တပတ်တွေမှာ အရင်ရက်တွေအတိုင်း ပိုမိုချဲ့ထွင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂)ရက်နေ့က စစ်ကောင်စီဟာ ကျောက်တော်မြို့နယ်ထဲက တင်းမဗျူဟာကုန်း မကျစေဖို့ ဂျက်ဖိုက်တာ(၂)စီးနဲ့ လေကြောင်းကနေ အပြင်းအထန် ကာကွယ်နေပြီး အခြေစိုက်စခန်းတွေကလည်း အတွဲလိုက်ဒုံး အမြောက်အမြားသုံးကာ ခုခံကာကွယ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပြင် အဲ့ဒီနေ့ နံနက် (၄)နာရီခန့်ကစပြီး စစ်ကောင်စီရဲ့ ခမရ(၃၈၀)၊ ခမရ(၃၇၉)နဲ့ ခမရ(၅၄၁)တပ်ရင်းတွေက မင်းပြားမြို့ထဲ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်း (၃၀)ထက်မနည်း ပစ်ခတ်ခဲ့ရာ ပြည်တော်သာရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်(၃)လုံးနဲ့ မူလတန်းကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီထဲက လက်နက်ကြီးကျည် (၁)လုံးဟာလည်း မင်းပြားမြို့မဈေးထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ခန်းအချို့ ပျက်စီးခဲ့ရသလို မင်းပြားဆေးရုံကြီးအနီးသာမက ကျီးဖြူရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ သစ်ပင်ကြီးတွေပါ ကျိုးပဲ့ ပျက်စီးခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

ကျောက်တော်မြို့က မျောက်တောင်ရွာကို Drop Bomb နဲ့ (၃)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် (၃)နှစ်အရွယ်နဲ့ (၂၂)နှစ်အရွယ် ယောင်္ကျားလေးနှစ်ဦး (၂)ဦးသေဆုံးကာ ဒေသခံ (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ရမ်းဗြဲမြို့ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် မြို့ထဲရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 49 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 35 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး