နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

Japan News

Japan News ဂျပန် နိုင်ငံတကာသတင်း

ငလျင်ဘေးသင့်ပြီးတစ်ပတ်အကြာ ဂျပန်နိုင်ငံရဲ့အခြေအနေ


ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ကြီးမားတဲ့ငလျင်ကြီး လှုပ်ခတ်ပြီးတစ်ပတ်ကြာတဲ့အထိ ထောင်နဲ့ချီတဲ့ ဒေသခံ​တွေဟာ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုရင်ဆိုင်နေကြရသလို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ ဘယ်အချိန်စမလဲဆိုတာကိုလည်း မသိကြရသေးပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်က လှုပ်ခတ်သွားခဲ့တဲ့ ရစ်ချ်တာစကေး 7.6 အဆင့်ရှိ ငလျင်ကြောင့် ဂျပန်နိုင်ငံအနောက်ဘက်ကမ်းမှာ အနည်းဆုံးလူ 168 ဦး သေဆုံးခဲ့ရပြီး လူ 300 ကျော် ပျောက်ဆုံးနေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဇန်နဝါရီလ 6 ရက်နေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။

အပူချိန် 0 ဒီဂရီအောက်သာရှိပြီး ထူထပ်တဲ့ နှင်းကျမှုနဲ့ မိုးရွားသွန်းမှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါ။ ရာသီဥတုအခြေအနေကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မထိရောက်သလို သတင်းအချက်အလက် ရရှိမှုလည်း နည်းပါးနေတာဖြစ်ပါတယ်။

ကာနာဇာဝါပြည်နယ်အနီးက လူ 1000 လောက်ရှိတဲ့ နီရှီယာရာယာရွာလိုမျိုး ပျက်ဆီးဆုံးရှုံးမှုနည်းပါးတဲ့ရွာတွေမှာတော့ ဒေသခံတွေဟာ သောက်သုံးရေအတွက် ဆီးနှင်းတွေကို အသုံးပြုနေရပါတယ်။ ဒေသခံတစ်ဦးဖြစ်တဲ့ ဟီရိုအဲ ကာဝါဘီက “ ပြန်လည်တည်ဆောက်ရေးတွေ ဘယ်အချိန် စလုပ်မှာလဲ ယာယီအိမ်တွေ ဘယ်တော့ဆောက်ပေးမှာလဲ ကျမတို့ အခုထိ မသိရသေးပါဘူး။ တည်ဆောက်ဖို့ လုပ်နေပြီဆိုရင်လည်း ကျမတို့ကို အသိပေးအကြောင်းကြားစေချင်ပါတယ်။ ဒီမှာ ကျမတို့ဆက်နေလို့ မရတော့ဘူးဆိုရင်လည်း ထွက်ခွါဖို့ စဉ်းစားရတော့မှာပါ။ သောက်သုံးရေအတွက် ဘယ်အချိန်လာယူရမှာလဲ မသိရသေးသလို၊ နောက်ဖေးသွားဖို့က အစ အပြင်ကို လမ်းလျှောက်သွားနေရတာက အရမ်းခက်ခဲပါတယ်”လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ရေးအတွက် ဘက်ဂျက် ဒေါ်လာ 32 သန်းကျော် အသုံးပြုသွားမယ်လို့ ကတိပြုထားပေမယ့် ရာသီဥတုဆိုးရွားမှုက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန့်တားနေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ “ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆီးနှင်းတွေကြားမှာ ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရပါတယ်။ အပျက်အဆီးတွေကြားကနေ ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေကို မရ ရအောင် ကယ်ထုတ်ဖို့ ကျတော်တို့ တိုက်တွန်းထားပါတယ်” လို့ ကီရှီဒါက ပြောသွားခဲ့တာပါ။

နီရှီယာရာယာရွာက မီးသတ်ဌာနအကြီးအကဲကတော့ သူတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဟာ ထူထပ်တဲ့ ဆီးနှင်းတွေကို ဖယ်ရှားဖို့ ဖြစ်ပြီး အဲဒီနှင်းထုကြောင့် ဒုတိယမြောက် သဘာဝဘေးအန္တရာယ်ထပ်ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ လာမယ့်ရက်တွေအတွက် ဆီးနှင်းနဲ့ မိုးတွေ ဆက်ရွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 20 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 34 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 47 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 53 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက