ဇန်နဝါရီလ (၁၀) ရက်။
နိုင်ငံရေးရည်မှန်းချက်တွေကို နိုင်ငံရေးအရ တောင်းဆိုရမယ့်အရာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ထုတ် သတင်းစာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အရင်ကထဲက နိုင်ငံရေးရည်မှန်းချက်ထဲမှာ ပြည်ထောင်စုစနစ်နဲ့ ဖက်ဒရယ်စနစ်နဲ့ သွားဖို့အတွက် ရည်မှန်းထားပြီးဖြစ်ပါတယ်။ ဒီဟာတွေက နိုင်ငံရေးအရ တောင်းဆိုရမယ့်အရာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ဆောင်ရွက်ကူညီပေးတာကို အမြဲတမ်းကျေးဇူးတင်ရှိတယ်လို့ ပြောဆိုထားပါတယ်။
လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် ဦးစားပေးပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီအနေနဲ့ ပြည်သူလူထုလုံခြုံရေးနဲ့ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။