နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

“ဒီလိုပြောဆိုစွပ်စွဲတာမျိုးထက် ပိုပြီး ရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့အရာ မရှိတော့ပါဘူး”

ဒါကတော့ နိုင်ငံတကာတရားရုံး(ICJ) မှာ တောင်အာဖရိကနိုင်ငံက တရားလိုလုပ် တရားစွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အစ္စရေးသမ္မတ အီဆတ်ဟာဇော့က ဇန်နဝါရီလ 9 ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ပါလက်စတိုင်းလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်လို့ စွပ်စွဲပြီး အမှုဖွင့်တိုင်ကြားထားတာဖြစ်ပါတယ်။ အဲဒီအမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ဇန်နဝါရီလ 11 ရက်နေ့ စတင်ကြားနာစစ်ဆေးမှာဖြစ်ပြီး အစ္စရေးရဲ့ ဂါဇာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုနဲ့ အပစ်အခတ်ရပ်စဲရေးတို့ကို တောင်းဆိုသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အစ္စရေးသမ္မတ ဟာဇော့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တဲအဗစ်မြို့ကို အလည်အပတ်ရောက်ရှိနေချိန်မှာ တောင်အာဖရိကရဲ့ စွပ်စွဲချက်ဟာ လူကြားကောင်းအောင် ဟန်ဆောင်ပြောနေခြင်းသာဖြစ်တယ်လို့ ထုတ်ပြောသွားခဲ့တာပါ။ “ တကယ်တော့ ကျုပ်တို့ရဲ့ ရန်သူဟာ ဟားမက်စ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ဂျူလူမျိုးတွေကိုရဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တဲ့ အစ္စရေးကို ဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်” လို့ ဟာဇော့က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

အစ္စရေး-ဟားမက်စ် စစ်ပွဲဟာ အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တို့ရဲ့ ရုတ်တရက် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ရာက စတင်ခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် အစ္စရေးနိုင်ငံသား 1200 ကျော် အသက်သေဆုံးခဲ့ရသလို ဓါးစာခံအဖြစ် လူ 200 ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးဟာ ဟားမက်စ်တွေကို ဂါဇာထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်းအရပ်သား 20000 ကျော်ထိ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းလူမျိုး 2.3 သန်းဟာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့်လည်း တောင်အာဖရိကနိုင်ငံက ပါလက်စတိုင်းတွေကို သတ်ဖြတ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများအတွက် အစ္စရေးကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အစ္စရေးသမ္မတ ဟာဇော့က “ နိုင်ငံတကာတရားရုံးမှာ ကျူပ်တို့ တရား ရင်ဆိုင်သွားမှာပါ။ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ ကျုပ်တို့ရဲ့ မွေးရာပါအခွင့်အရေးအတွက် ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့ကိစ္စကို ဂုဏ်ယူပြီး ရင်ဆိုင်သွားမှာဖြစ်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။