နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

အီကွေဒေါနိုင်ငံမှာ ဘာတွေဖြစ်နေလဲ?

တောင်အမေရိကတိုက်ရဲ့ တုန်လှုပ်ခြောက်ခြားစရာ အကြမ်းဖက်မှုဖြစ်လာတဲ့ အကျဉ်းထောင်ထဲက ထောင်ဝန်ထမ်း 100 ကျော်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတွေကို စစ်တပ်နဲ့ ဖြိုခွင်းတော့မယ်လို့ အီကွေဒေါသမ္မတ ဒန်နီရယ်နိုဘိုအာက ကြေညာခဲ့ပါတယ်။

အီကွေဒေါနိုင်ငံက မူးယစ်နဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ထောင်ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် ပြည်တွင်းရုပ်သံလိုင်းတစ်ခုကိုပါ စီးနင်းပြီး တိုက်ရိုက်တင်ဆက်မှုကို ဝင်ရောက်နှောက်ယှက်မှုတွေ ပြုုလုပ်ခဲ့ကြတာပါ။ ဒီအကြပ်အတည်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ အီကွေဒေါသမ္မတရာထူးကို ထမ်းဆောင်ခဲ့တဲ့ နိုဘိုအာအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ နိုဘိုအာဟာ သမ္မတလောင်း ရွေးကောက်ပွဲမဲဆွယ်မှုမှာ အီကွေဒေါနိုင်ငံတွင်းကနေ ကိုကင်းနဲ့ မူးယစ်ဆေးတွေ သယ်ယူပို့ဆောင်မှု တိုးပွါးလာတာကို အကြီးအကျယ်နှိမ်နင်းသွားမယ်လို့ ကတိပြုထားခဲ့သူဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါဘေးကြီးကို အကြီးအကျယ်ရင်ဆိုင်ခဲ့ရပြီးကတည်းက စီးပွါးရေးပြိုယွင်းခဲ့ရသလို နိုင်ငံရဲ့ လုံခြုံရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားနေခဲ့တာပါ။ ပြီးခဲ့တဲ့ 2023 ခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူအရေအတွက် 8008 ဦးအထိရှိခဲ့ပြီး ဒါဟာ 2022 ခုနှစ်ကထက် နှစ်ဆပိုများနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်မယ်ဆိုတဲ့ သမ္မတလောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

အီကွေဒေါအစိုးရက အဲဒီလို အကြမ်းဖက်မှုတွေ တိုးပွါးလာခဲ့တာဟာ တောင်အမေရိကတိုက်တခွင်မှာ ကိုကင်းနဲ့ မူးယစ်ဆေး ဖြန်ချိနေတဲ့ မူးယစ်ဂိုဏ်တွေကြောင့်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ မူးယစ်ဂိုဏ်းတွေဟာ အီကွေဒေါအကျဉ်းထောင်တွေထဲမှာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာဏာပါ၀ါကို ချဲ့ထွင်ဖို့ ကြိုးစားလာခဲ့ကြတာကြောင့် ထောင်တွင်းအကြမ်းဖက်မှုတွေ တိုးပွါးလာခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ကတော့ ရာနဲ့ချီတဲ့အကျဉ်းသားတွေ သေဆုံးခဲ့ကြရပြီး အာဏာပိုင်တွေက ဒါဟာ အကျဉ်းထောင်ထဲမှာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးနေကြတာကို ထောက်ပြခဲ့ကြပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဂွါယာကီဟာ အီကွေဒေါနိုင်ငံရဲ့ အန္တရာယ်အရှိဆုံးမြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေးရဲ့ ဗဟိုချက်မဖြစ်တယ်လို့ ဆိုကြပါတယ်။

အသက် 36 နှစ်အရွယ်သာရှိသေးတဲ့ အီကွေဒေါသမ္မတ နိုဘိုအာကတော့ သူ့လက်ထက်မှာ “ ဖီးနစ်ပလန်” လို့အမည်ပေးထားတဲ့ လုံခြုံရေးယူနစ်တစ်ခုကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ခေတ်မီလက်နက်တွေတပ်ဆင်ပေးတာ၊ လုံခြုံရေးစနစ်မြင့်မားတဲ့ အကျဉ်းထောင်သစ်တွေတည်ဆောက်တာ၊ လေဆိပ်နဲ့ ဆိပ်ကမ်းမြို့တွေမှာ လုံခြုံရေးအင်အားဖြည့်တင်းပေးတာတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစီအစဉ်အတွက် အမေရိကန်နိုင်ငံက ဒေါ်လာသန်း 200 ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပေးမယ့် တကယ့်လက်​တွေ့မှာ ဒေါ်လာသန်း 800 နီးပါးအထိကုန်ကျဖွယ်ရှိနေပါတယ်။

အီကွေဒေါမှာ အခုလို အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာခဲ့တာဟာ ထောင်ဒဏ် 35 နှစ်ကျခံနေရတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အက်ဒိုဖိုမာဆီးယက်စ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့ရာကနေ စတင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို အပူတပြင်း လိုက်လံရှာဖွေနေတုန်းမှာပဲ အကျဉ်းထောင်တွေထဲမှာ အကြမ်းဖက်မှု 6 ခုထက်မနည်း ဖြစ်ပွါးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ထောင်ဝန်ထမ်းအကျဉ်းထောင်ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းတွေပါ ဖြစ်လာခဲ့ရတာပါ။

အီကွေဒေါနိုင်ငံအလယ်ပိုင်းက မြို့တော်ရီယိုဘမ်ဘာမှာ အကျဉ်းသား 39 ဦးထွက်ပြေးလွတ်မြောက်ခဲ့သလို ဂွါယာကီမြို့မှာလည်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ လမ်းမပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ရဲတပ်ဖွဲ့ဝင် 7 ဦးထိ ပြန်ပေးဆွဲခြင်းခံခဲ့ရတာပါ။ ဒါ့အပြင် ရုပ်သံစတူဒီယိုတစ်ခုကို ဝင်ရောက်စီးနင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှာ သတင်းကြေညာသူကို သေနတ်နဲ့ချိန် ဖမ်းဆီးသွားတဲ့ ဖြစ်ရပ်တွေဟာ အီကွေဒေနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာကို အထင်အရှားပြသနေပါတယ်။

နိုင်ငံအနှံ့မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေနေ့စဉ် ဖြစ်နေပေမယ့် အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားတဲ့ သမ္မတနိုဘိုအာဟာ နိုင်ငံရဲ့အရေးပေါ်ကာလ ရက် 60 ကို ထုတ်ပြန်ကြေညာခဲ့ပြီး အကျဉ်းထောင်တွေအပါအဝင် မြို့ကြီးတွေမှာ စစ်တပ်ကို လုံခြုံရေးကင်းချကာ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ထားပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး စီးပွါးရေးလုပ်ငန်းအများစုလည်း ရပ်နားထားကြပါတယ်။ အီကွေဒေါသမ္မတ နိုဘိုအာအနေနဲ့ ယခုနှစ်အတွင်း လုံခြုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးမိတဲ့ ရာဇဝတ်သားတွေကို ပြည်ပကို လွှဲပြောင်းခွင့်ပြု၊ မပြုနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ့်အစီအစဉ်တွေကိုပါ ဥပဒေသစ်ရေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 11 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 43 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN