နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

အီကွေဒေါနိုင်ငံမှာ ဘာတွေဖြစ်နေလဲ?

တောင်အမေရိကတိုက်ရဲ့ တုန်လှုပ်ခြောက်ခြားစရာ အကြမ်းဖက်မှုဖြစ်လာတဲ့ အကျဉ်းထောင်ထဲက ထောင်ဝန်ထမ်း 100 ကျော်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတွေကို စစ်တပ်နဲ့ ဖြိုခွင်းတော့မယ်လို့ အီကွေဒေါသမ္မတ ဒန်နီရယ်နိုဘိုအာက ကြေညာခဲ့ပါတယ်။

အီကွေဒေါနိုင်ငံက မူးယစ်နဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ထောင်ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် ပြည်တွင်းရုပ်သံလိုင်းတစ်ခုကိုပါ စီးနင်းပြီး တိုက်ရိုက်တင်ဆက်မှုကို ဝင်ရောက်နှောက်ယှက်မှုတွေ ပြုုလုပ်ခဲ့ကြတာပါ။ ဒီအကြပ်အတည်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ အီကွေဒေါသမ္မတရာထူးကို ထမ်းဆောင်ခဲ့တဲ့ နိုဘိုအာအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ နိုဘိုအာဟာ သမ္မတလောင်း ရွေးကောက်ပွဲမဲဆွယ်မှုမှာ အီကွေဒေါနိုင်ငံတွင်းကနေ ကိုကင်းနဲ့ မူးယစ်ဆေးတွေ သယ်ယူပို့ဆောင်မှု တိုးပွါးလာတာကို အကြီးအကျယ်နှိမ်နင်းသွားမယ်လို့ ကတိပြုထားခဲ့သူဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါဘေးကြီးကို အကြီးအကျယ်ရင်ဆိုင်ခဲ့ရပြီးကတည်းက စီးပွါးရေးပြိုယွင်းခဲ့ရသလို နိုင်ငံရဲ့ လုံခြုံရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားနေခဲ့တာပါ။ ပြီးခဲ့တဲ့ 2023 ခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူအရေအတွက် 8008 ဦးအထိရှိခဲ့ပြီး ဒါဟာ 2022 ခုနှစ်ကထက် နှစ်ဆပိုများနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်မယ်ဆိုတဲ့ သမ္မတလောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

အီကွေဒေါအစိုးရက အဲဒီလို အကြမ်းဖက်မှုတွေ တိုးပွါးလာခဲ့တာဟာ တောင်အမေရိကတိုက်တခွင်မှာ ကိုကင်းနဲ့ မူးယစ်ဆေး ဖြန်ချိနေတဲ့ မူးယစ်ဂိုဏ်တွေကြောင့်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ မူးယစ်ဂိုဏ်းတွေဟာ အီကွေဒေါအကျဉ်းထောင်တွေထဲမှာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာဏာပါ၀ါကို ချဲ့ထွင်ဖို့ ကြိုးစားလာခဲ့ကြတာကြောင့် ထောင်တွင်းအကြမ်းဖက်မှုတွေ တိုးပွါးလာခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ကတော့ ရာနဲ့ချီတဲ့အကျဉ်းသားတွေ သေဆုံးခဲ့ကြရပြီး အာဏာပိုင်တွေက ဒါဟာ အကျဉ်းထောင်ထဲမှာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးနေကြတာကို ထောက်ပြခဲ့ကြပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဂွါယာကီဟာ အီကွေဒေါနိုင်ငံရဲ့ အန္တရာယ်အရှိဆုံးမြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေးရဲ့ ဗဟိုချက်မဖြစ်တယ်လို့ ဆိုကြပါတယ်။

အသက် 36 နှစ်အရွယ်သာရှိသေးတဲ့ အီကွေဒေါသမ္မတ နိုဘိုအာကတော့ သူ့လက်ထက်မှာ “ ဖီးနစ်ပလန်” လို့အမည်ပေးထားတဲ့ လုံခြုံရေးယူနစ်တစ်ခုကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ခေတ်မီလက်နက်တွေတပ်ဆင်ပေးတာ၊ လုံခြုံရေးစနစ်မြင့်မားတဲ့ အကျဉ်းထောင်သစ်တွေတည်ဆောက်တာ၊ လေဆိပ်နဲ့ ဆိပ်ကမ်းမြို့တွေမှာ လုံခြုံရေးအင်အားဖြည့်တင်းပေးတာတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစီအစဉ်အတွက် အမေရိကန်နိုင်ငံက ဒေါ်လာသန်း 200 ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပေးမယ့် တကယ့်လက်​တွေ့မှာ ဒေါ်လာသန်း 800 နီးပါးအထိကုန်ကျဖွယ်ရှိနေပါတယ်။

အီကွေဒေါမှာ အခုလို အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာခဲ့တာဟာ ထောင်ဒဏ် 35 နှစ်ကျခံနေရတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အက်ဒိုဖိုမာဆီးယက်စ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့ရာကနေ စတင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို အပူတပြင်း လိုက်လံရှာဖွေနေတုန်းမှာပဲ အကျဉ်းထောင်တွေထဲမှာ အကြမ်းဖက်မှု 6 ခုထက်မနည်း ဖြစ်ပွါးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ထောင်ဝန်ထမ်းအကျဉ်းထောင်ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းတွေပါ ဖြစ်လာခဲ့ရတာပါ။

အီကွေဒေါနိုင်ငံအလယ်ပိုင်းက မြို့တော်ရီယိုဘမ်ဘာမှာ အကျဉ်းသား 39 ဦးထွက်ပြေးလွတ်မြောက်ခဲ့သလို ဂွါယာကီမြို့မှာလည်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ လမ်းမပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ရဲတပ်ဖွဲ့ဝင် 7 ဦးထိ ပြန်ပေးဆွဲခြင်းခံခဲ့ရတာပါ။ ဒါ့အပြင် ရုပ်သံစတူဒီယိုတစ်ခုကို ဝင်ရောက်စီးနင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှာ သတင်းကြေညာသူကို သေနတ်နဲ့ချိန် ဖမ်းဆီးသွားတဲ့ ဖြစ်ရပ်တွေဟာ အီကွေဒေနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာကို အထင်အရှားပြသနေပါတယ်။

နိုင်ငံအနှံ့မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေနေ့စဉ် ဖြစ်နေပေမယ့် အကြမ်းဖက်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားတဲ့ သမ္မတနိုဘိုအာဟာ နိုင်ငံရဲ့အရေးပေါ်ကာလ ရက် 60 ကို ထုတ်ပြန်ကြေညာခဲ့ပြီး အကျဉ်းထောင်တွေအပါအဝင် မြို့ကြီးတွေမှာ စစ်တပ်ကို လုံခြုံရေးကင်းချကာ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ထားပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး စီးပွါးရေးလုပ်ငန်းအများစုလည်း ရပ်နားထားကြပါတယ်။ အီကွေဒေါသမ္မတ နိုဘိုအာအနေနဲ့ ယခုနှစ်အတွင်း လုံခြုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးမိတဲ့ ရာဇဝတ်သားတွေကို ပြည်ပကို လွှဲပြောင်းခွင့်ပြု၊ မပြုနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ့်အစီအစဉ်တွေကိုပါ ဥပဒေသစ်ရေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား အတိုက်အခံပါတီ ခြောက်ဖွဲ့က သမ္မတယွန်ကို စွပ်စွဲပြစ်တင်တဲ့ ဥပဒေကြမ်းကို တင်သွင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 6 Views
ဒီဇင်ဘာလ (၄) ရက်။ တောင်ကိုရီးယား၏ Yonhap News ၏ဖော်ပြချက်အရ၊ အတိုက်အခံပါတီကြီးဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပါတီအပါအဝင် အတိုက်အခံပါတီခြောက်ခုက သမ္မတယွန်အား အမျိုးသားလွှတ်တော်၌
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယား ၆ နာရီအတွင်း စစ်အုပ်ချုပ်ရေး ရုတ်သိမ်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 9 Views
++++++++++++++++++++++++++++++++++ သမ္မတယွန်၏ “ ကြိုတင်ပြင်ဆင်ထားသော ရှုံးနိမ့်ခြင်း” သည် အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။ ဒီဇင်ဘာလ (၄) ရက်/ KOREA WAVE။
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတက “အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ” ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 8 Views
ဒီဇင်ဘာလ (၃) ရက် တောင်ကိုးရီးယားသမ္မတယွန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ညမှာ နိုင်ငံကို မိန့်ခွန်းပြောပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ သမ္မတယွန်က အုပ်ချုပ်ရေး စတင်တာဝန်ယူချိန်က စတင်ပြီး အစိုးရအရာရှိတွေကို စွပ်စွဲထားတဲ့ ၂၂
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်အစိုးရမတက်ခင် အမေရိကန်က ဒေါ်လာ ၇၂၅ သန်းတန် လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့မည်ဖြစ်သည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃) ရက်။ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များ၊ လူသုံးမိုင်းများနှင့် အခြားလက်နက်များကို စုစုပေါင်း ဒေါ်လာ ၇၂၅ သန်း ပေးပို့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ဇန်နဝါရီလတွင်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခွင့်အလမ်းကို အဆုံးသတ်သွား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃) ရက်။ တနင်္ဂနွေနေ့က ကျင်းပသည့် ဥဒုံဌာနီ (Udon Thani) ရွေးကောက်ပွဲတွင် အာဏာရပါတီနှင့် အတိုက်အခံခေါင်းဆောင်တို့အကြား အကွဲအပြဲများ ကျယ်ပြန့်လာစေခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် အခွင့်အလမ်းကို အဆုံးသတ်စေခဲ့သည်။ ဥဒုံဌာနီပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ (PAO) အကြီးအကဲနေရာအတွက်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 12 Views
ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ် ရှော့ဇ်ကို (Olaf Scholz) ပြစ်တင်ဝေဖန်လိုက်ပြီးနောက် သီတင်းပတ်များအတွင်း ဂျာမန်အဓိပတိ အော်လော့ရှော့ဇ်သည် ယူကရိန်းနိုင်ငံသို့
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဂျိုးဘိုင်ဒင်က သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 12 Views
ဒီဇင်ဘာ (၂) ရက်။ ဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ အခွန်ရှောင်မှုနှင့် တရားမဝင်သေနတ်ကိုင်ဆောင်ထားမှုများနှင့် စွဲချက်တင်ခံထားရသည့် သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို ဒီဇင်ဘာလတွင် တရားရုံးက စီရင်ချက်ချရန် စီစဉ်ထားသည့်အချိန်တွင် ဖခင်ဖြစ်သူ
နိုင်ငံတကာသတင်း အမေရိကန်

ထရန် နဲ့ ဟက်ဆက် တို့ဟာ အမေရိကန်စစ်တပ်ကို ဘယ်လိုပြောင်းလဲနိုင်သလဲ၊ သူတို့ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကဘာလဲ။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 11 Views
ဤနေရာတွင် ပိ့ဟက်ဆက် (Pete Hegseth) ၏ ပင်တဂွန်အပေါ် သက်ရောက်မှုသည် သိသာထင်ရှားမည်ဖြစ်သည်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နှင့် ကာကွယ်ရေးဌာနကို ဦးဆောင်မည့်သူ ပိ့ဟက်ဆက် တို့သည် အမေရိကန်စစ်တပ်အတွက် ကြီးမားသောအပြောင်းအလဲများကို အဆိုပြုခဲ့ပြီး ဒုတိယ ထရန့်