နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် အကူအညီပေးဖို့ NUG တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်

ဇန်နဝါရီလ (၁၂)ရက်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေးအဖွဲ့နဲ့ အလှူရှင်နိုင်ငံတွေကို NUG က ဒီကနေ့မှာ တိုက်တွန်းနှိုးဆော်ချက်တစ်စောင် ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်လာနိုင်တဲ့ မြို့တွေ များပြားလာပြီး အကြမ်းဖက်စစ်တပ်က မြို့၊ ရွာတွေကို ပိုမိုပစ်မှတ်ထားလာတာကြောင့် စစ်ရှောင်သူတွေ တိုးပွားလာကာ ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအတွက် လက်နက်သဖွယ် အသုံးချပြီး ပြည်သူတွေဆီ အကူအညီတွေမရောက်အောင် ပိတ်ဆို့တားဆီးနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ဦးရေဟာ စစ်ကိုင်းတိုင်းမှာ (၉၅၀၀၀၀)ကျော်၊ KNU နယ်မြေမှာ (၇၀၀၀၀၀)ကျော်၊ ရခိုင်မှာ (၃၅၀၀၀၀)ခန့်၊ ကရင်နီပြည်မှာ (၃၅၀၀၀၀)ခန့်နဲ့ အများဆုံးရှိနေပြီး သိန်းဂဏန်းနီးပါးအထိ တိုးမြင့်လာတဲ့ ပြည်နယ်နဲ့တိုင်းတွေလည်း ရှိတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် အကြမ်းဖက်စစ်တပ်က ရပ်ကွက်နဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကပိုင်နေအိမ် (၉၀၀၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ရကာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ (၅၀၀၀) ကျော်နဲ့ ဒဏ်ရာရသူ (၄၀၀၀)ကျော်ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အခုလို အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေ ပိတ်ပင်တားမြစ်တဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ဖို့ ပြည်တွင်း၊ပြည်ပက မြန်မာပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ဘေးရှောင်တွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အလျှင်အမြန် ပံ့ပိုးပေးနိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာမှုအဖွဲ့တွေအနေနဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို ညှိနှိုင်းချိတ်ဆက်ထောက်ပံ့တာ၊ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေကို ပံ့ပိုးတာနဲ့ ထောက်ပံ့တာတွေ တိုးမြှင့်ဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 26 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 35 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 36 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 29 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့