နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စုပေါင်း ဘုံအိပ်မက်တွေကို မရရအောင် ရယူကြရမယ်လို့ AA နဲ့ MNDAA ပြော

ဇန်နဝါရီလ(၁၂)ရက်။

တစ်ဖွဲ့ချင်းရဲ့ အိပ်မက်၊ စုပေါင်း ဘုံအိပ်မက်တွေကို စည်းလုံးညီညွတ်စွာနဲ့ မရရအောင် ရယူကြရမယ်လို့ AA နဲ့ MNDAA က တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ တစ်ဖွဲ့ရဲ့အခက်အခဲသည် အားလုံးရဲ့အခက်အခဲ၊ တစ်ဖွဲ့ရဲ့အောင်မြင်မှုသည် အားလုံးရဲ့အောင်မြင်မှုဖြစ်သည်” ဆိုတဲ့ ခံယူချက်နဲ့ အိပ်မက်တွေကို မရရအောင် ရယူကြရအုံးမယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာ ညီနောင်(၃)ဖွဲ့အနေနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘုံရည်မှန်ချက်ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်သရွေ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရှိနေမယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကာလထဲ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ကြတဲ့ အယောက်ချင်းစီအားလုံးကို အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကာ တအာင်းတော်လှန်ရေးကာလထဲ ပေးဆပ်စွန့်လွှတ်ခဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။

ဆက်လက်ပြီး ပြည်သူလူထုတစ်ရပ်လုံးက အားကိုးအားထားရတဲ့ အဖွဲ့အစည်းတွေဖြစ်အောင် အခုထက်ပိုပြီး ကြိုးစားဖို့လိုအပ်နေသေးတယ်လို့ AA နဲ့ MNDAA က ပြောဆိုထားပါတယ်။

အခုနေ့ရက်မှာ PSLF/TNLA အဖွဲ့အစည်းက တအာင်းတစ်မျိုးသားလုံး မျှော်မှန်းတဲ့ အလုံးစုံသော အိပ်မက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေဖို့ကိုလည်း ညီနောင်တပ်ဖွဲ့တွေက သဝဏ်လွှာမှာ ဆုမွန်ကောင်းတောင်းပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင်
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 21 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 23 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 50 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 48 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 57 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 52 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့