နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီက အွန်လိုင်းလိမ်လည်မှုတွေ နှိမ်နင်းရန် စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းစစ်ဦးစီးချုပ် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ ခေတ်မျက်လုံး။

ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ဇန်နဝါရီလ (၁၂) ရက်နေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်ကက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို စစ်ကောင်စီဥက္ကဋ္ဌနဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဘုရင့်တပ်မတော်ဘက်က လေတပ်ဗိုလ်မှူးချုပ် Chakorn Tawanjang လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးမှာ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရတဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီပေးရေး ဆိုင်ရာကိစ္စတွေမာ ပူးပေါင်းဆောင်ရွက်မှုတွေကို နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားသာမက နှစ်နိုင်ငံ ဝန်ကြီးဌာနတွေ အချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေ စတာတွေနဲ့ နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ မူးယစ်ဆေး၊ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ စစ်ကောင်စီက ပါဝင်ပတ်သက်နေတယ်လို့ ဇန်နဝါရီလ (၁) ရက်နဲ့က သတင်းထုတ်ပြန်ထားပါတယ်။

KNU ဘက်ကတော့ ဒီကျားဖြန့်လုပ်ငန်းတွေကို တရုတ်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့ ပြောဆိုထားပါတယ်။

ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ကျားဖြန့်လုပ်ငန်းတွေကိုတော့ တရုတ်အစိုးရက စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ဖျက်တာရှိသလို ဒေသခံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌကို တွေ့ရစဉ်။

Photo: စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 16 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 18 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်