ဒီအစီအစဉ်ဟာ ခေတ်မျက်လုံးသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း မြန်မာပြည်ထဲကို အိန္ဒိယဘက်ခြမ်းကနေ ချင်းတောင်တန်းကို ဖြတ်ပြီး ဝင်ရောက်ခဲ့စဉ် ရိုက်ကူးခဲ့တဲ့ ရုပ်သံဆောင်းပါး ဖြစ်ပါတယ်။
ပထမပိုင်းအနေနဲ့ အိန္ဒိယဘက်ကို စစ်ဘေးရှောင်လာရတဲ့ အရပ်သားပြည်သူတွေ၊ CDM ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့တာတွေနဲ့ ပြည်တွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF-Mindat ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိချင်းပြည်ရဲ့ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့တာတွေကို တင်ဆက်ထားတာပါ။