နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုနေ

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဒူရာမြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက် စီးနင်းချိန်မှာ လူသားဒိုင်းအဖြစ် မိမိကို အသုံးပြုခဲ့တယ်လို့ ပါလက်စတိုင်းစတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အစ္စရေးစစ်သားတွေဟာ လူသားဒိုင်းအဖြစ် ရှေ့က ကာပြီး သူ့ရဲ့ ပုခုံးပေါ်မှာ သေနတ်ကို တင်ထားတဲ့ဗီဒီယိုကို ဘာဟာအဘူရက်စ်က ထုတ်ပြခဲ့ပါတယ်။

အစ္စရေးစစ်သားတွေဟာ ဒူရာမြို့ကို စီးနင်းချိန်မှာ အဘူရက်စ်ကို သူ့ရဲ့ မိုဘိုင်းဖုန်းဆိုင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီလိုစီးနင်းမှုကြောင့် ပါလက်စတိုင်းအရပ်သား နှစ်ဦးသေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဘူရက်စ်က “ ပါလက်စတိုင်းလူငယ်တွေက သူတို့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေကြလို့ ကျတော့်ကို လူသားဒိုင်းအဖြစ် ခေါ်သွားတာပါ။ ကျတော့်ကို မြို့လယ်ခေါင်အထိ ခေါ်သွားခဲ့တာဖြစ်ပါတယ်”လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကို ရိုက်တာသတင်းဌာနက အတည်ပြုမေးမြန်းခဲ့ရာမှာ ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။ အစောပိုင်းထုတ်ပြန်ချက်တွေမှာတော့ အစ္စရေးစစ်တပ်ဟာ စုဝေးနေတဲ့ လူ 100 လောက်ကို လူစုခွဲဖို့တွက် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာပဋိပက္ခဖြစ်ပေါ်ခဲ့တဲ့ အောက်တိုဘာလ 7 ရက်နေ့က စပြီး ဂါဇာကမ်းမြောင်ထဲမှာ ဟားမက်စ်စစ်သွေးကြွတွေကို စီးနင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကိုလည်း မကြာခဏ စီးနင်းတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့တာပါ။

စစ်မက်ဖြစ်ပွါးရာနေရာတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုကို နိုင်ငံတကာဥပဒေတွေအရ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး ဂါဇာထဲမှာလည်း ဟားမက်စ်တွေက အရပ်သားတွေနဲ့ အများပြည်သူအသုံးပြုနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဒိုင်းသဖွယ်အသုံးပြုနေတယ်လို့ အစ္စရေးဘက်ကလည်း စွပ်စွဲထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 31 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ