နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

UMFCCI က ဥက္ကဌနဲ့ ဒုဥက္ကဌတွေအပါအဝင် (၆၄)ဦးကို NUG အမည်ပျက်စာရင်းကြေညာ

ဇန်နဝါရီလ (၂၉) ရက်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က ဥက္ကဌအပါအဝင် (၆၄)ဦးကို NUG က ဒီကနေ့မှာ အမည်ပျက်စာရင်း သတ်မှတ်ကြေညာခဲ့တယ်လို့ သိရပါတယ်။

NUG ရဲ့ စီးပွား/ကူးသန်းဝန်ကြီးဌာနက UMFCCI အနေနဲ့ စစ်ကောင်စီကို ငွေကြေးထောက်ပံ့ကူညီတာနဲ့ ပူးပေါင်းကျူးလွန်တာတွေကြောင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်မှာ ဖွဲ့စည်းပုံနဲ့အတူ ဖျက်သိမ်းခဲ့ပါတယ်။

အဲ့ဒီလို ဖျက်သိမ်းခဲ့ပြီးနောက် UMFCCI နာမည်နဲ့ ဆက်လက်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ စတာတွေကို စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူတွေအနေနဲ့ တည်ဆဲအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့လည်း ကြေညာခဲ့တာပါ။

အခု NUG က အမည်ပျက်စာရင်းဖော်ပြထားတဲ့ထဲမှာ ဥက္ကဌ ဦးအေးဝင်းနဲ့ ဒုဥက္ကဌတွေ၊ အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးတွေ၊ စာရင်းစစ်ချုပ်၊ တွဲဘက်စာရင်းစစ်နဲ့ ဗဟိုအလုပ်အမှုဆောင် စုစုပေါင်း (၆၄)ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဖော်ပြပါစာရင်းထဲ မပါဝင်သေးတဲ့ UMFCCI ရဲ့ အလုပ်အမှုဆောင်တွေအနေနဲ့လည်း ဆက်လက်တာဝန်ယူ ဆောင်ရွက်နေရင် ထည့်သွင်းအရေးယူမယ်လို့ သတိပေးထားပါတယ်။

အမည်ပျက်စာရင်းထဲပါဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးချင်းအနေနဲ့ စစ်ကောင်စီနဲ့ အကျိုးစီးပွား ပတ်သက်တာမရှိတာနဲ့ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့် ဆက်နွယ်တာတွေ မပြုလုပ်တော့ဘူးဆိုတဲ့ ခံဝန်ချက်နဲ့ NUG ထံ ရက်(၉၀)အတွင်း အယူခံလွှာတင်သွင်းနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းထံ အလင်း၀င်လာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 11 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၁)ရက်နေ့က ထီးလင်းမြို့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ Yaw Revolution Force-Htilin ရဲ့
မြန်မာသတင်း

မြန်မာရေဘေးအတွက် ကန်ဒေါ်လာ (၁.၇)သန်း ဩစတြေးလျ ထပ်တိုးကူညီ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩစတြေးလျနိုင်ငံက
မြန်မာသတင်း

ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအရှုံးတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 14 Views
စက်တင်ဘာလ (၂၃)ရက်။ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့
မြန်မာသတင်း

ရေစကြိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ညီအမ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 19 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊
မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
မြန်မာသတင်း

ရေဘေးကြောင့် မြို့နယ် (၅၄)မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး လူ (၃၈၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 10 Views
စက်တင်ဘာလ (၂၃)ရက်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ်
မြန်မာသတင်း

ငါန်းမြာကြီးရွာကို စစ်‌ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၁၂)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊
မြန်မာသတင်း

ချောင်းဦးမြို့ရှိ ကံဇီးပျူရွာစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၉)ရက်နေ့က ချောင်းဦးမြို့ရှိ ကံဇီးရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော် ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့