နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မှာ ကျေးရွာ ပကဖနဲ့ ပအဖတွေရဲ့ မတရားပြုလုပ်တာတွေကို မခံနိုင်လို့ ပြည်သူတွေဆန္ဒပြ

ဇန်နဝါရီလ (၂၉) ရက်။

ရွှေဘိုနဲ့ ဝက်လက်နယ်အစပ်က ဖွတ်လှိုင်းကျေးရွာရှိ ပကဖနဲ့ ပအဖတွေရဲ့ မတရားပြုလုပ်တာကို မခံနိုင်တဲ့အတွက် ကျေးရွာနေပြည်သူတွေက ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ဆန္ဒပြခဲ့ကြတယ်လို့ ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ သူတို့က မနေ့က မနက် (၉) နာရီလောက်မှာ အစည်းအဝေးခေါ်တယ်။ ရွာလယ်တွေကို မဲဖောက်ပေးမယ်ဆိုပြီးပြောတယ်။ မဲစနစ်နဲ့ သူတို့နှိုက်ပေးတာကို လက်ခံရမယ်ပေါ့၊ နောက်ပြီး တပ်ရင်း(၂)ကိုလည်း လယ်(၂) ဧကပေးရမယ်ဆိုပြီးပြောတယ်” လို့ ရွာခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီရွာရှိ လယ်ယာတွေကို မဲနှိုက်ရွေးချယ်ပေးတာနဲ့ တပ်ရင်း(၂)ကို လယ်(၂)ဧကပေးဖို့ ဆုံးဖြတ်တာမှာ ရွာသူရွာသားတွေ ပါဝင်တာမရှိဘဲ မတရားဆုံးဖြတ်တာဖြစ်တဲ့အတွက် ကျေးရွာ ပကဖနဲ့ ပအဖ ပြုတ်ကျဖို့ ဆန္ဒပြကြတာလို့ သိရပါတယ်။

“ အဲ့ဒီအစည်းအဝေးကို ကျေးရွာ ပကဖနဲ့ ပအဖက ခေါ်တာပေါ့။ အဲ့ဒီအစည်းအဝေးမှာ မြို့နယ်အဖွဲ့က တာဝန်ရှိသူတွေလည်းပါဝယ်။ မြို့နယ်ပအဖ ဒေါက်တာဆန်းမြင့်အောင်၊ မြို့နယ်ပကဖ ဦးနေမျိုးအောင်လည်း လာတယ်။ ဒါပေမယ့် အဲ့ဒီအဖွဲ့တွေက သူတို့ဖွဲ့ထားတာဆိုတော့ ညှိညှိနှိုင်းနှိုင်း လုပ်ကြဖို့လောက်ပဲ ပြောသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

ဖွင့်လိုင်းကျေးရွာမှာ ခန့်အပ်ထားတဲ့ ကျေးရွာ ပကဖနဲ့ ပအဖကို ရွာသူရွာသားတွေက ကိုယ်တိုင်ဖွဲ့စည်းခွင့်ပြုပေးဖို့ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေဘက်ကို တောင်းဆိုခဲ့ပေမယ့် ဖြုတ်ချလို့မရဘူးလို့ ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 27 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ
မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 22 Views
အောက်တိုဘာလ (၂၈)ရက်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့
မြန်မာသတင်း

ရေးမြို့ရှိ DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 23 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရေးမြို့ နှင်းစုံကျေးရွာက DKBA ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်းတန်ဦးဆောင်တဲ့ စကမ ပူးပေါင်း DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းက
မြန်မာသတင်း

ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 17 Views
အောက်တိုဘာလ (၂၇)ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက်
မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 38 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ “ ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ” ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ဖြန့်ဝေခဲ့ပြီး
မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 42 Views
အောက်တိုဘာလ (၂၇)ရက်။ ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့ စာရင်းတွေမှာ ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖို့ ဗဟိုဌာနချုပ်ကို
မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 41 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 54 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက