ဖေဖော်ဝါရီလ (၁)ရက်။
ရန်ကုန်မြို့မှာ နီတဲ့သွေး ရက်သတ္တပတ်အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီကနေ့ ဖေဖော်ဝါရီလ (၁)ရက်မှာ စတင်ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)က ဗကသများအဖွဲ့ချုပ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)နဲ့ Burma Youth Revolutionary Force(BYRF)တို့က ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“ နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအနေနဲ့ “ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ တပ်ပေါင်းစုကို တည်ဆောက်ကြ” ၊ “ ၁/၂/၂၁ မမေ့ကြနဲ့” အစရှိတဲ့ စာသားတွေအပါအ၀င် သွေးစွန်းနေတဲ့ လမ်းမတွေအဖြစ် သရုပ်ဖော်တဲ့ ဆေးနီတွေ ပတ်ဖြန်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။