ဇန်နဝါရီလ (၃၁) ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ CDF-Kalay-Kabaw-Gangaw (KKG) ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားဟာ G3 လက်နက်အမျိုးအစား တစ်လက်နဲ့ ကျည်ဆံ ၂၃၂တောင့်နဲ့ CDF-KKG အဖွဲ့ထံကို လာရောက်အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို CDF-KKG အဖွဲ့က ဆုကြေးငွေအနေနဲ့ ကျပ်သိန်း (၅၀) ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အဲ့ဒီရဲတပ်သားကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ CDF-KKG အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။