ဖေဖော်ဝါရီလ (၅)ရက်။
ကရင်ပြည်နယ်၊ သံတောင်မြို့က စစ်ကောင်စီရဲ့ လိပ်သိုဗျူဟာလက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ ပင်မစခန်းကို KNLA နဲ့ PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ပူးပေါင်းကာ (၃)ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ မီးရှို့ဖျက်ဆီးထားတဲ့ စစ်ကောင်စီအလောင်း (၇)လောင်းအပါအဝင် စစ်ကောင်စီတပ်သား (၂၀)ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ပင်မစခန်းကနေ လက်နက်ကြီးကျည်၊ ရိက္ခာတွေနဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ MOD ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။