နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်၏ အရပ်သားကာကွယ်ရေးအမိန့်သစ်က အစ္စရေး-ဟားမတ်စ် စစ်ပွဲကို အပြောင်းအလဲ ဖြစ်လာနိုင်မလား။

+++++++++++++++++++++

အမေရိကန်ကအစ္စရေးအတွက် စစ်ရေးအကူအညီပေးရေးတွင် လူ့အခွင့်အရေး အခြေအနေများကို ချိတ်ဆက်ထည့်သွင်းပေးသည့် ဘိုင်ဒင်၏အမိန့်သည် အစ္စရေးနိုင်ငံနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီတွင်း အကွဲအပြဲများကို ဖြေလျှော့ပေးခဲ့သည်။

ဖေဖော်ဝါရီလ (၁၀) ရက်။

သမ္မတ ဂျိုးဘိုင်ဒန်၏ ညွှန်ကြားချက်အသစ်သည် ဂါဇာရှိ စစ်ပွဲအတွင်း အစ္စရေး၏စစ်တပ်ကို ထောက်ခံမှုနှင့်ပတ်သက်၍ ဒီမိုကရက်များအကြား သဘောထားကွဲနေမှုကို ပြေလျော့စေသည်ဟု လွှတ်တော်အမတ်များက သောကြာနေ့တွင် နိုင်ငံတကာမှ အရပ်သားများကို အကာအကွယ်ပေးသည့်ဥပဒေကို ချိုးဖောက်သော နိုင်ငံများအတွက် စစ်ရေးအကူအညီ အမြန်ဖြတ်တောက်ရန်ဘိုင်ဒင်၏ အမိန့်ကို ချီးမွမ်းခဲ့ကြသည်။

ဘိုင်ဒင်မှ ဗျူဟာမြောက် အစ္စရေးနှင့် မိတ်ဖက်နိုင်ငံများအတွက် စစ်ရေးအကူအညီကို သတ်မှတ်ထားချက်နှင့်ပေးရန် ကတိကဝတ်ပြုမှုသည် အမေရိကန်၏ ၎င်း၏ ယူကရိန်းနှင့်အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် အဆိုပြုထားသည့် ဒေါ်လာ ၉၅ ဘီလီယံ အပိုအကူအညီ အစီအစဉ်အတွက် လက်ဝဲယိမ်း အထက်လွှတ်တော် ဒီမိုကရက်များအကြား ထောက်ခံမှု တိုးပွားလာစေမည်ဖြစ်သည်။ ဂါဇာရှိ ဟားမတ်စ်တို့ကို တိုက်ရာတွင် အစ္စရေးကို ထောက်ပံ့ရန်နှင့် ရုရှားကို တိုက်နေသည့် ယူကရိန်းကို ထောက်ပံ့ရန်တို့အတွက် ဖြစ်သည်။

သောကြာနေ့က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက ဘိုင်ဒင်၏ ညွှန်ကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကြီးကြပ်ရန်၊ သတ်မှတ်ရက်များနှင့် အမေရိကန်၏ စစ်ရေးအကူအညီကို အသုံးပြုပြီး နိုင်ငံခြားအစိုးရများက အရပ်သားများကို တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုကြောင်း သေချာစေရေး ကြိုးပမ်းမှုများတွင် သမိုင်းဝင်ဖြစ်ခဲ့သည်။

“ဒါဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီနဲ့ အရပ်သားတွေအပေါ် သက်ရောက်မှုရှိပုံနဲ့ ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုတစ်ခုပါပဲ” ဟု မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရင် (Elizabeth Warren) က ပြောကြားခဲ့သည်။ မေရီလန်း အထက်လွှတ်တော်အမတ် ခရစ်ဗင်ဟောလန် (Chris Van Hollen) ဦးဆောင်သည့် အားထုတ်မှုဖြင့် အိမ်ဖြူတော်နှင့် နှစ်လကြာ စေ့စပ်ညှိနှိုင်းခဲ့သော အခြားဒီမိုကရက်တစ်များနှင့် လွှတ်တော်ရှိ သတင်းစာရှင်းလင်းပွဲတွင် သူမက ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ လှုံ့ဆော်သူများကလည်း ညွန်ကြားချက်အသစ်အတွက် စိန်ခေါ်မှုသည် အမေရိကန်၏ လက်နက်များနှင့် လူ့အခွင့်အရေးချိုးဖောက်သူများထံမှ ရန်ပုံငွေများကို မရောက်ရန် တားဆီးရန် ယခင်ကြိုးပမ်းမှုအားလုံးနှင့် အတူတူပင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ မဟာဗျူဟာအရ အရေးပါသော မဟာမိတ်များနှင့် မိတ်ဖက်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို အမှန်တကယ် တားဆီးကျင့်သုံးမည်လားဟု လူ့အခွင့်အရေး ထောက်ခံသူများက ပြောကြားခဲ့သည်။

အမေရိကန်၏ စစ်ရေးအကူအညီကို နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာတွင် အသုံးပြုနေသည့်လုပ်ရပ်ကို “မည်သည့်အခါမှ အလေးထား လိုက်နာအောင်လုပ်ဆောင်ခဲ့ခြင်းမရှိ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၏ အကြီးအကဲဟောင်းနှင့် ပရင့်စတန်းတက္ကသိုလ် ပြည်သူနှင်နိုင်ငံတကာအရေးဌာန၏ ဧည့်ပါမောက္ခ ကက်နက်ရော့သ် (Kenneth Roth) က ပြောကြားခဲ့သည်။ အဆိုပါ အမိန့်အသစ်သည် သမ္မတ၏ တရားဝင်စာချွန်လွှာဟု လူသိများသည်။ ၎င်းတို့တွင် ဥပဒေအရ အင်အားသုံးမှုပါဝင်သည်။ သို့ရာတွင်နောင်တက်လာသော သမ္မတများ သည် ၎င်းတို့အား လွှမ်းမိုးပြောင်းလဲနိုင်သည်။

သမတဘိုင်ဒင်၏အမိန့်သည် ချက်ချင်းအကျိုးသက်ရောက်သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အမေရိကန်စစ်ဘက်အကူအညီကို အသုံးပြုနေသည့် အစ္စရေးနှင့် ယူကရိန်းတို့ အပါအဝင် ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ အကူအညီများကို နိုင်ငံခြားမှ လက်ခံရရှိသူများထံက “ယုံကြည်စိတ်ချရလောက်သည့်အာမခံချက်” ရရှိရန် နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကန်က ထိုနိုင်ငံများမှအာမခံချက်ရရှိဖို့ ကြိုးစားရန်အချိန် ၄၅ ရက် ရရှိထားသည်။ လူ့အခွင့်အရေးဥပဒေနှင့် အခြားစံနှုန်းများပါဝင်သည့် အဆိုပါ အာမခံချက်များကို အချိန်မီ မပေးနိုင်သော နိုင်ငံခြားအစိုးရများသည် အမေရိကန်တို့၏ စစ်ရေးအကူအညီများကို ခေတ္တရပ်ထားခြင်း ခံရမည်ဖြစ်သည်။ နိုင်ငံခြားအစိုးရသည် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေနှင့် အကာအကွယ်များကို အမှန်တကယ် လိုက်နာခြင်းမရှိဟု ယူဆပါက အုပ်ချုပ်ရေးအဖွဲ့များသည် အမေရိကန်၏ စစ်ရေးအကူအညီကို ဆိုင်းငံ့ထားရန် ရွေးချယ်ခွင့်ရှိသည်။

အခြားလိုအပ်ချက်များတွင် အုပ်ချုပ်ရေးအဖွဲ့မှ ပုံမှန်အစီရင်ခံစာများပါဝင်သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အခြားသော ကာကွယ်ရေးပစ္စည်းကိရိယာများအတွက် ထောက်ပံ့မှုများသည် ကင်းလွတ်ခွင့်ရှိသည်။

ဘိုင်ဒင်အစိုးရအဖွဲ့သည် အစ္စရေးနှင့် ဟားမတ်စ် စစ်ဖြစ်နေစဉ်အတွင်း ကွန်ဂရက်လွှတ်တော်၏ ပုံမှန်သတိပေးချက်လုပ်ငန်းစဉ်ကို ကျော်လွှားပြီး အမျိုးသားလုံခြုံရေး အရေးပေါ် အခြေအနေ ကြေညာခြင်းဖြင့် အစ္စရေးကို စစ်ရေးအကူအညီ အလျှင်အမြန်ပေးရန် တက်သုတ်ရိုက်လုပ်ဆောင်ခြင်းကြောင့် တချို့သောအထက်လွှတ်တော်အမတ်များကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။

ပါလက်စတိုင်းအရပ်သားများ၏အသက်ချမ်းသာခွင့်ရရှိနိုင်ရေးကို ပိုမိုလုပ်ဆောင်ရန်အတွက် အစ္စရေးအား ဖိအားပေးရန် အစ္စရေးအား ဖြည့်စွက်ထားသော ဥပဒေများတွင် စစ်ဘက်ဆိုင်ရာ အကူအညီများဆိုင်ရာ အခြေအနေများကို ပူးတွဲတင်ပြရန် လွတ်လပ်သော အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး (Bernie Sanders) နှင့် အခြားသူများ၏ လှုပ်ရှားမှုများကို အစိုးရက တိတ်တဆိတ် တွန်းအားပေးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှစ၍ ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေး ၂၈,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ အစ္စရေးမှာ လူပေါင်း ၁၂၀၀ သေဆုံးခဲ့ရသည့် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် ဤဤအချက်က နောက်ဆက်တွဲဖြစ်ရပ်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု၏အစိုးရသည် ၎င်း၏အရေးအကြီးဆုံး မဟာမိတ်နှင့် စစ်ရေးထောက်ခံသူ အမေရိကန်၏ ဖိအားပေးမှုများကြားမှ အရပ်သားများကို အသက်ဆုံးရှုံးစေသည့် နေ့စဉ်လေကြောင်း တိုက်ခိုက်မှုများကို သိသိသာသာ လျော့ချပေးမည့်ပုံ မပေါ်ပေ။ ဂါဇာကမ်းမြောင်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ခြင်းအပေါ် အစ္စရေး၏ ပိတ်ပင်ကန့်သတ်ချက်များအပေါ် အမေရိကန်က စိတ်ပျက်နေပါသည်။ ဘိုင်ဒင် က အစ္စရေး၏ စစ်ပွဲအပေါ် ၎င်း၏ အပြင်းထန်ဆုံး ဝေဖန်မှုအချို့ကို ယခုသီတင်းပတ်တွင် ပြောကြားခဲ့ပြီး ၎င်းကို “အလွန်အကျွံလုပ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

အိမ်ဖြူတော်သတင်းထောက် ကရင်းဂျင်းပီယာ (Karine Jean-Pierre) က အစိုးရအဖွဲ့သည် စစ်ဘက်ဆိုင်ရာအကူအညီအတွက် စံနှုန်းအသစ်များ ချမှတ်ခြင်းမဟုတ်ကြောင်း သောကြာနေ့တွင် အလေးပေးပြောကြားခဲ့ပါသည်။ ပွင့်လင်းမြင်သာမှု တိုးတက်စေရန်အတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ အမိန့်မထုတ်ပြန်မီတွင် အစ္စရေးတာဝန်ရှိသူများအား စာချွန်လွှာကို အကျဉ်းချုံးပြီး ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “သူတို့က ဒီလိုအာမခံချက်မျိုးတွေကို ပေးဆောင်လိုတဲ့ဆန္ဒကို ထပ်လောင်းပြောကြားခဲ့ပါတယ်” ဟု ဂျင်းပီယာက ပြောကြားခဲ့သည်။

အမေရိကန်တွင် ဥပဒေများရှိပြီး နိုင်ငံခြားအကူအညီဥပဒေနှင့် လီးဟေးဥပဒေ(Leahy Law) အပါအဝင် ဆက်တိုက် လူ့အခွင့်အရေးချိုးဖောက်နေသော အစိုးရများကို လုံခြုံရေးအကူအညီများပေးရန်ကိစ္စကို တားမြစ်ရန် ရည်ရွယ်ထားသောဥပဒေများ ရှိပြီးဖြစ်သည်။ “ဒီလိုချိုးဖောက်သူတွေကို ဂုဏ်ပြုနေတယ်” ဟု လူ့အခွင့်အရေးကျွမ်းကျင်သူ ရော့သ် (Roth) က ပြောကြားခဲ့သည်။ “အုပ်ချုပ်ရေးက တည်ဆဲဥပဒေနဲ့ သိပ်မကွာဘူးဆိုရင် အစီရင်ခံစာအသစ်က ဘယ်လိုကွာခြားသွားမယ်ဆိုတာ မရှင်းလင်းပါဘူး” ဟု Roth က ဆိုသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက အမိန့်မှာချမှတ်ထားသည့် စနစ်သစ်ကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု သောကြာနေ့က ပြောပါသည်။

၎င်းတွင် နောက်ထပ်အစိုးရ ကြီးကြပ်မှုအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် ၎င်းကိုဥပဒေအဖြစ် ပေါင်းစပ်ထည့်သွင်းခြင်း ပါဝင်သောကြောင့် အနာဂတ်သမ္မတများအတွက် ပစ်ပယ်ရန် ပိုမိုခက်ခဲပါသည်။ “ဒါက အရမ်းကြီးတဲ့ကိစ္စပဲ” ဟု ဗင်ဟိုလန် (Van Hollen) က ပြောသည်။ “အမေရိကန်ရဲ့ စစ်ရေးအကူအညီဟာ အမေရိကန်တန်ဖိုးတွေနဲ့ အမေရိကန်စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း သေချာစေဖို့ သမ္မတဘိုင်ဒင်နဲ့ အမေရိကန်ကို သြဇာပိုပေးလိမ့်မယ်…” ဟု ဆက်လက်ပြောကြားခဲ့သည်။

Source: အေပီ။

မေရီလန်း အထက်လွှတ်တော်အမတ် ခရစ်ဗင်ဟောလန် (Chris Van Hollen) (အလယ်) ကိုတွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက