ဖေဖော်ဝါရီလ (၆) ရက်။
မင်းပြားမြို့ တိုက်ပွဲတွင် တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နဲ့ တပ်မိသားစုဝင်များ၊ စစ်ကောင်စီ အရပ်ဘက်အရာရှိတွေ ရက္ခိုင့်တပ်တော် (AA) ဆီကို အညံ့ခံ လက်နက်ချခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းစခန်းအားလုံးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ ဖေဖော်ဝါရီ (၆) ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
မင်းပြားမြို့မှာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်းရှိပြီး ခမရ ၃၈၀ ကို ဇန်နဝါရီလကတည်းက သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
ကျန်နေတဲ့ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တို့ကို ဆက်လက်ထိုးစစ်ဆင်ပြီး တစ်ပတ်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ခမရ (၃၇၉) ကိုတော့ ဖေဖော်ဝါရီလ (၅) ရက်နေ့ညကတည်းကသိမ်းထားခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၆ရက်နေ့ မနက် ၉နာရီဝန်းကျင်က ခမရ (၃၇၉) တပ်က စစ်သုံ့ပန်း ၁၀၀ကျော်နဲ့ မိသားစုတွေကို ကား ၄ စီးနဲ့ ရက္ခိုင့်တပ်တော်က ခေါ်ဆောင်သွားတာကို တွေ့ခဲ့ရတယ်လို့ ဒေသတင်းသတင်းဌာန နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။