နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ မြို့တွေကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့

ဖေဖော်ဝါရီလ (၆)ရက်။

သိမ်းပိုက်ထားတဲ့ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့တွေကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ (၄)ရက်နေ့အထိ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုကွင်းဆင်းစစ်ဆေးကြည့်ရှု့ချိန်မှာ မြို့အုပ်ချုပ်ရေးကော်မတီတို့နဲ့ မြို့အုပ်ချုပ်မှုပုံမှန်လည်ပတ်စေဖို့ လုပ်ငန်းဆောင်ရွက်ထားရှိတဲ့ အခြေအနေတွေ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သိမ်းပိုက်ထားတဲ့ မြို့တွေဟာ တအာင်းလူမျိုးတစ်မျိုးထဲသာ နေထိုင်ကြတာမဟုတ်ဘဲ အခြားလူမျိုးတွေနဲ့အတူနေထိုင်ကြတာကြောင့် နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဒုဥက္ကဌ(၁) ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ် တားဘုန်းကျော်ကလည်း ပြည်သူတွေရဲ့ ကျန်းမာရေးကုသနိုင်ဖို့၊ ရပ်တန့်နေတဲ့ လူငယ်တွေရဲ့ ပညာရေးကို ပြန်လည်သင်ကြားနိုင်ဖို့နဲ့ လက်ရှိနိုင်ငံရေးအကြောင်းအရာတွေကို ရှင်းလင်းပေးခဲ့ပြီး ပြည်သူတွေကလည်း သူတို့ရဲ့လိုအပ်ချက်တွေကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဖက်ဒရယ်ဒုဝန်ကြီး မိုင်းဝင်းထူးက NUG ရဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ အခုလုပ်ဆောင်ချက်တွေကို ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)အတွင်းမှူး မိုင်းနိုင်ဂေါင်းဇားက TPCC အကြောင်းနဲ့ ဆောင်ရွက်ပြီးစီးသွားတဲ့ လုပ်ငန်တွေကို ရှင်းလင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက မြို့အုပ်ချုပ်ရေးကော်မတီတွေ ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေနဲ့ မြို့တွင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ဆုံပွဲကို အရပ်ဖက်အဖွဲ့တွေနဲ့ ရှမ်း၊ ကချင်၊ လီဆူ စတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ စုစုပေါင်း လူဦးရေ (၃၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊