Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပင်လုံစာချုပ် (၇၇)နှစ်မြောက်အခမ်းအနားကို SSPP၊ CNF နဲ့ KIO တို့ သ၀ဏ်လွှာပေးပို့

ဖေဖော်ဝါရီလ (၁၂)ရက်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၂)ရက်မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနားကို SSPP/SSA၊ CNF နဲ့ KIO တို့က သ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပင်လုံစာချုပ်ဟာ ကိုလိုနီတွေဆီကနေ သီးခြားလွတ်လပ်ရေးရယူတာမဟုတ်ဘဲ အတူတကွ လွတ်လပ်ရေးရယူကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်ကို အတူတကွ တည်ထောင်ကြဖို့ ပဋိညာဉ်ပြုခဲ့ကြတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ကာလမှာ အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းပြီး ပင်လုံစာချုပ်၊ ကတိက၀တ်နဲ့ သဘောတူညီချက်တွေကို ပြန်လည်ဖော်ဆောင်ကာ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် (၇၇)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်အခမ်းအနားကနေတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးဝိုင်း၀န်းထူထောင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဆန္ဒပြုတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉)ခု တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း(၉)ခုကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၆)နာရီအချိန် မိတ္ထီလာမြို့ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 42 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ် “ ညနေ(၄)နာရီ (၂၀)မိနစ်လောက်က လူအင်အား
မြန်မာသတင်း

ထိုင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်ပို့ခံရကာ စစ်မှုထမ်းနေရသူ (၄)ဦး PDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၁၈)ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်း‌ဗဟို ၁၂)က လူငယ် (၄)ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၄)ဦးဟာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၁)အနေနဲ့ အဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီး
မြန်မာသတင်း

လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 28 Views
ဇွန်လ (၂၅)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားတာကြောင့် စစ်ခေါင်းဆောင်က မင့်စ်မြို့မှာကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချခဲ့ကာ ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 28 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ ညနေပိုင်းအချိန်က ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့က ရပ်ကွက်(၃)နဲ့
မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 29 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Myanmar Witness အနေနဲ့
မြန်မာသတင်း

ထီးလင်းမှာ နိုင်/ကျဉ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲအချို့ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 24 Views
‌ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့က ထီးလင်းမြို့မရဲစခန်းကနေ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီလ (၁၇)ရက်နေ့ ညပိုင်းလောက် ထီးလင်းမြို့မရဲစခန်းမှာ ချုပ်ထားတဲ့ နိုင်/ကျဉ်း