နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်မြို့နေပြည်သူများ စိုးရိမ်မှုမြင့်တက်နေ

ဖေဖော်ဝါရီလ (၁၃)ရက်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကစပြီး အသက်ဝင်စေခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်မြို့ပြနေပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ မြို့နေပြည်သူတွေထံက သိရပါတယ်။

နအဖစစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရဲ့လိုအပ်ချက်အရဟုဆိုကာ အတည်ပြုပြဌာန်းလိုက်တဲ့အပေါ် ရန်ကုန်မြို့နေပြည်သူတွေက အခုလိုပြောဆိုထားကြပါတယ်။

“သူကတော့ နိုင်ငံလိုအပ်ချက်ဆိုပြီး ဒီစစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်တာ။ အဲ့ဒီနောက်ဆက်တွဲက မိဘတွေအနေနဲ့ သူတို့သားသမီးတွေအတွက် စိုးရိမ်စရာ၊ စိတ်ပူစရာဖြစ်လာတာပေါ့။ သူတို့စစ်ရှုံးတာကို အဖြေမရှာဘဲ ပြည်သူကို စစ်မှုထမ်းခိုင်းတာက ဒီလိုအချိန်မျိုးမှာ မဖြစ်သင့်ဘူး”လို့ ကမာရွတ်မြို့နေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ အသက် ၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုပြီး ပြောဆိုထားကာ စစ်မှုထမ်းရမယ့် သက်တမ်းကာလဟာ (၂)နှစ်ကနေ အများဆုံး (၅)နှစ်အထိဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

“အရင်ကိုဗစ်ဖြစ်တယ်။ နောက်ပြီး အာဏာသိမ်းတယ်။ အခုစစ်မှုထမ်းရမယ်ဆိုတော့ အနာဂတ်က ပျောက်ပြီးရင်းပျောက်ပဲ။ ပြီးတော့ စိုးရိမ်စိတ်တွေနဲ့ကျီးလန့်စာစားနေရတယ်၊ တကယ်လို့စာရင်းထဲပါသွားရင် လူချမ်းသာသားသမီးတွေအတွက်က ပိုက်ဆံပေးပြီး စာရင်းကဖျောက်ခိုင်းလို့ရပေမယ့် အခြေခံလူတန်းစားသားသမီးတွေကြ ရွေးချယ်စရာမရှိဘူးလေ”လို့ လှိုင်သာမြို့နေလူငယ်တစ်ဦးက ဆိုပါတယ်။

အခုလို စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် ရန်ကုန်မြို့က လူစည်ကားရာနေရာအချို့မှာ ညပိုင်းသွားလာတာတွေ နည်းပါးလာပြီး စိုးရိမ်စိတ်တွေနဲ့အတူ သတိထား နေထိုင်သွားလာနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ပြည်သူလူထုတစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကထဲက ပြည်သူ့စစ်မှုထမ်းဥပဒေကို ရေးဆွဲခဲ့ပေမယ့် ဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက်တို့မှာ ပယ်ဖျက်ထားတာကြောင့် အခုအခြေအနေမျိုးမှာ လက်ခံနိုင်စရာမရှိဘူးလို့ မြို့နေပြည်သူတွေက ပြောဆိုနေကြကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို