နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

လွှတ်တော်ဥက္ကဌရာထူး ပြန်ယူပြီး မိသားစုလိုက် တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ ဟွန်ဆန်

ကမ္ဘောဒီယားအာဏာရပါတီဟာ တနင်္ဂနွေနေ့က အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက် မနှစ်က ရာထူးက နုတ်ထွက်သွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို နိုင်ငံရေးလောကထဲ ပြန်လည်ပွဲထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ကမ္ဘောဒီယားနိုင်ငံကို ဆယ်စုနှစ် ၄ ခုကြာ သဘောထားတင်းမာစွာ အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး သားကြီးဖြစ်သူ ဟွန်ဆန်မာနက်ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဟွန်ဆန်ဟာ ရာထူးက နုတ်ထွက်ခဲ့ပေမယ့် ကမ္ဘောဒီးယားနိုင်ငံရေးအပေါ် ဩဇာလွှမ်းမိုးနိုင်ဖို့ ကြံရွယ်နေဆဲဆိုတာ သိသာရှင်းလင်းခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရကမ္ဘောဒီယားပြည်သူ့ပါတီ(CPP)က အနိုင်ရခဲ့တယ်လို့ မွန်းလွဲပိုင်းမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာပါ။ CPP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆော့အီဆန်က မဲရလဒ်တွေအရ သူတို့ပါတီဟာ အထက်လွှတ်တော်အမတ် 58 နေရာမှာ နေရာ 50 ထိ အနိုင်ရခဲ့ကြောင်းနဲ့ ဟွန်ဆန်လည်း အထက်လွှတ်တော်အမတ်နေရာကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘောဒီယားဘုရင်က နိုင်ငံရပ်ခြားကိုရောက်ရှိနေလို့ လာမယ့်ဧပြီလအတွင်းစတင်မယ့် လွှတ်တော်သစ်မှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကို လွှတ်တော်ဥက္ကဌသစ်အဖြစ်ခန့်အပ်သွားမယ်လို့လည်း ဆော့အီဆန်က အတည်ပြုပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မတီကတော့ အနိုင်ရသွားတဲ့လွှတ်တော်အမတ်နေရာတွေကို နောက် ရက်သတ္တပတ်အနည်းငယ်အကြာမှ တရားဝင်သတင်းထုတ်ပြန်သွားဖွယ်ရှိနေပါတယ်။ လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ ဟွန်ဆန်ရဲ့ CPP ပါတီ၊ တော်ဝင်ဝါဒီဖြစ်တဲ့ ဖူစင်ပက်ပါတီ၊ အတိုက်အခံပါတီငယ်နှစ်ခုက ဝင်ရောက် ရွေးချယ်ခံခဲ့ကြတာဖြစ်ပါတယ်။

အမတ်နေရာ 62 နေရာရှိတဲ့ အထက်လွှတ်တော်မှာ 58 နေရာအတွက် လွှတ်တော်ကိုယ်စားလှယ် 125 ဦးနဲ့ အုပ်ချုပ်ရေးမှူး 11000 ကျော်တို့က မဲပေးခဲ့ကြတာဖြစ်ပါတယ်။

ကျန်ရှိတဲ့လွှတ်တော်အမတ် 4 နေရာအတွက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် ရှီဟာမိုနီက လွှတ်တော်အမတ် နေရာ နှစ်ခုနဲ့ အမျိုးသားလွှတ်တော်က နေရာနှစ်ခုအတွက် ခန့်အပ်ကြမှာပါ။ လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူအများစုဟာ ဟွန်ဆန်ရဲ့ CPP ပါတီဝင်တွေဖြစ်လို့ ဟွန်ဆန်အနေနဲ့ အထက်လွှတ်တော်မှာ နေရာရဖို့ ပိုမိုသေချာစေခဲ့တာဖြစ်ပါတယ်။

“ဒါက ဟွန်ဆန်ရဲ့မိသားစုတွေကပဲ အာဏာကို ဆက်ထိန်းထားမယ်ဆိုတဲ့ လက္ခဏာပါပဲ” လို့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီယားစာအုပ်ကိုရေးသားသူ ဆီဘက်စတီယန် စထရာဂျီယိုက ပြောပါတယ်။ ဟွန်ဆန်အနေနဲ့ အထက်လွှတ်တော်ဥက္ကဌဖြစ်လာပြီဆိုရင် သူ့ရဲ့သားဖြစ်သူကိုပါ ကာကွယ်နိုင်ပြီး တိုင်းပြည်ရဲ့အာဏာကို သူ့ မိသားစုအသိုင်းအဝိုင်းကသာ ဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN