နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

CNA/CDF-Mara နဲ့ MDF တို့အကြား တိုက်ပွဲ ၁ လ အတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွား

ဖေဖော်ဝါရီလ ၂၆ ရက်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က မရာမျိူးနွယ်စု နေထိုင်ရာဒေသမှာ ချင်းတပ်ဖွဲ့ အချင်းချင်းအကြား ဇန်နဝါရီလ ၂၄ ရက်နေ့က စတင်ကာ ၁ လတာအတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကာ ၂ ဖက်သေဆုံးထိခိုက်မှုများလာကြောင်းသိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီခန့်က ပလက်ဝမြို့နယ်၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေကျေးရွာ အနီးတွင် ချင်းအမျိုးသားတပ်မတော်(CNA ၊ CDF – Mara )ချင်းပူးပေါင်းတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ CNF/CNA ၊ Mara- CDF နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က (၄) ဦး ကျဆုံးပြီး နှစ်ဖက်တပ်ဖွဲ့အကြား ထိခိုက်ကျဆုံးမှုတွေ ပိုမိုရှိလာနေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦးကျဆုံးပြီး ၎င်းတို့ရဲ့ လက်နက် (၅) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊လက်ရှိတိုက်ပွဲများမှာ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာတဲ့အတွက် MDF ဘက်က မလွဲမရှောင်သာ ခုခံကာကွယ်ရခြင်းသာဖြစ်ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) က ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ပိုက်တေကျေးရွာအနီး တိုက်ပွဲမှာ CNA မှ ရဲဘော် (၁) ဦးကျဆုံးပြီး CNA နှင့် CDF ချင်းပူးပေါင်းတပ်မှ ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း MDF ထုတ်ပြန်ချက်အရ သိရပါတယ်။

MDF တပ်ဖွဲ့ဖက်မှာ MDFရဲ့ မဟာမိတ် ရခိုင့်တပ် တော် (AA) ကပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ ချင်းပူးပေါင်းတပ်ဖွဲ့ဦးဆောင်သူတချို့က သူတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တစ်လအကြာ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေမှာ မရာဒေသက MDF ထိန်းချုပ်ထားတဲ့ ကျေးရွာ (၈) ရွာကျော်ကို CNA နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MDF က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ထဲမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား မကျေလည်မှုတွေများလာပြီး အချင်းချင်းပြန်တိုက်နေတာနဲ့ ဘုံရန်သူပျောက်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက