နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှား ကျူးကျော်ဝင်ရောက်ချိန်မှစ၍ ယူကရိန်းတပ်ဖွဲ့ဝင် ၃၁,၀၀၀ သေဆုံးခဲ့ကြောင်း ဇလန်းစကီးက ပြော

ဖေဖော်ဝါရီ (၂၆) ရက်။

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄ ယူကရိန်းနိုင်ငံ (AP) – ရုရှားက အလုံးစုံ အင်နှင့်အားနှင့် ကျူးကျော်မှုစတင်ပြီး နှစ်နှစ်အတွင်း ယူကရိန်းစစ်သား ၃၁၀၀၀ ကျဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အရေအတွက်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အစိုးရက ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ နည်းပါးသည်ဟု ဇလန်းစကီး မှ ပြောကြားခဲ့သည်။

ကိ့ဗ်တွင်ကျင်းပသည့် ၂၀၂၄ ခုနှစ် ဖိုရမ်တွင် သမတဇလန်းစကီးက “ဒီစစ်ပွဲမှာ ယူကရိန်းစစ်တပ်က ဝန်ထမ်းတပ်သား (သုံးသောင်းကျော်) ၃၁,၀၀၀ သေဆုံးခဲ့ပါတယ်။ (၃သိန်း) ၃၀၀,၀၀၀ မဟုတ်ဘူး၊ (တသိန်းခွဲ) ၁၅၀,၀၀၀ မဟုတ်ဘူး၊ ပူတင်နဲ့ သူ့ရဲ့ လိမ်ညာနေတဲ့ အသိုင်းအဝိုင်းက ဘာပဲပြောပြော ကျဆုံးခဲ့ရတဲ့ ရဲဘော်များတဦးစီဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စွန့်လွှတ် အနစ်နာခံမှုတစ်ခု ဖြစ်သည်” ဟု ဇလန်းစကီးက “ယူကရိန်းတွင် ပြောကြားခဲ့သည်။

ဒဏ်ရာရ သို့မဟုတ် ပျောက်ဆုံးနေသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုမူ ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့သည်။ ယူကရိန်းဒေသရှိ သိမ်းပိုက်ခံထားရသော ဧရိယာများတွင် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် စစ်ပွဲပြီးသည်အထိ ကိန်းဂဏန်း အတိအကျ မရရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အရပ်သားတွေ ဘယ်လောက်တောင် သူတို့က သတ်ပစ်လဲတော့ မသိပါဘူး။ ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။ ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် ရုရှား၏ အင်အား ပြည့်ကျူးကျော် စစ်ပွဲ စတင်ချိန်မှစ၍ ၎င်း၏တပ်သား ဆုံးရှုံးမှု အရေအတွက်ကို ကိ့ဗ် မှ ပထမဆုံးအကြိမ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရုရှားက တရားဝင် အသေအပျောက် ကိန်းဂဏန်း အနည်းငယ်ကို ပေးထားသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော ကာကွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးအချက်အလက်များအရ သေဆုံးသူ ၆၀၀၀ ကျော်သာရှိကြောင်းဆိုခဲ့ပြီး အမေရိကန်နှင့် ယူကေတာဝန်ရှိသူများထံမှ အစီရင်ခံစာများတွင်မူ ဖော်ပြထားသော ယင်းအရေအတွက်သည် သိသိသာသာ ပိုများသည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၃၁၅,၀၀၀ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလယ်တွင် ခွဲခြားသတ်မှတ်ထားသော အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကယ်၍ ထိုအချက်သည် တိကျမည်ဆိုပါက အဆိုပါ ကိန်းဂဏန်းသည် စစ်မဖြစ်မီ ရုရှားနိုင်ငံရှိ တပ်ဖွဲ့ဝင် ၃၆၀,၀၀၀ ခန့်၏ ၈၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွတ်လပ်သောရုရှားသတင်းဌာန Mediazona သည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်စစ်ပွဲများတွင်ရုရှားအမျိုးသား ၇၅,၀၀၀ ခန့်သေဆုံးခဲ့သည်ဟု စနေနေ့တွင်ပြောကြားခဲ့သည်။ အခြားလွတ်လပ်သော ရုရှားသတင်းဝက်ဘ်ဆိုက် Mediazona နှင့် Meduza မှထုတ်ဝေသော ပူးတွဲစုံစမ်းစစ်ဆေးမှုတစ်ခုအရ ယူကရိန်းတွင် ရုရှား၏ဆုံးရှုံးမှုနှုန်းသည် နှေးကွေးခြင်းမရှိကြောင်းနှင့် မော်စကိုသည် တစ်နေ့လျှင် အမျိုးသား ၁၂၀ ခန့်ဆုံးရှုံးနေကြောင်း ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက