နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားနေမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်လျက်ရှိပြီး ထိန်းချုပ်ထားနိုင်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဆို

+++++++++++++++++++++++++++++

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Bangkok Post မှာ ဖော်ပြထားသည့် Myanmar influx ‘no cause for concern’ ကို ဘာသာပြန်ထားပါသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်က သောကြာနေ့တွင် ထိုင်းနိုင်ငံအနေနှင့် စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားနေမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်လျက်ရှိပြီး ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အခြားသူများနှင့် ခွဲခြားဆက်ဆံမှုလုပ်ဆောင်မည်ဖြစ်ကြောင်း သူက ဆိုသည်။ “ဘာကိုမှ တိတိကျကျ လုပ်ဆောင်မယ်လို့ စဉ်းစားထားတာ မရှိသေးပါဘူး” ဟု မစ္စတာဆူတင်က ဆိုသည်။

မြန်မာရွာသားများ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာမှုသည် များများစားစား မရှိဘဲ ထိုသူများသည် မကြာခင် သူတို့ရပ်ရွာများသို့ ပြန်ကြမည်ဟု ခန့်မှန်းထားကြောင်းဆိုသည်။ သူက ဆက်လက်ပြီး ထိုင်းနိုင်ငံတွင်း အချိန်ကြာမြင့်စွာ နေထိုင်သူများကိုမူ ဆက်လက်နေထိုင်ခွင့်ပြုထားမည်ဖြစ်ကြောင်းနှင့် မကြာခင်က စစ်အစိုးရထုတ်ပြန်ခဲ့သည့်လူငယ်များနှင့် အမျိုးသမီးများ စစ်မှုထမ်းဥပဒေကြောင့် လူအများအပြား ထွက်လာမှု အခြေအနေ မရှိသေးကြောင်း သူက ဆိုသည်။ မစ္စတာဆူတင်သည် တပ်ခ်ခရိုင် မဲဆောက်နယ်ခြားရှိ ဘန်မဲကုန်ကန်ရှိ စစ်စခန်းသို့ လာရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့လာရောက်စဉ်အတွင်း ဝန်ကြီးက ထိုနယ်စပ်စခန်းတွင် နေထိုင်အမှုထမ်းနေသော စစ်သားများနှင့် ပြည်သူ့စစ်များကို သူ့အနေနှင့် ကိုယ်ချင်းစာနာကြောင်းနှင့် သူတို့အတွက် ပိုမိုကောင်းမွန်သည့် ခံစားခွင့်များကို ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သူက သူတို့သည် နယ်စပ်လုံခြုံရေးအတွက်သာမက နယ်စပ်ဖြတ်ကျော်လာသည့် ရာဇဝတ်မှုများကိုလည်း ကာကွယ်နေသူများဖြစ်ကြောင်း အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုကို ကာကွယ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထိုင်းအစိုးရနဲ့ လုံခြုံရေးအာဏာပိုင်များဟာ ထိုင်းနယ်မြေပေါ်မှာ နေထိုင်တဲ့ အုပ်စုတွေက မြန်မာစစ်အစိုးရကို တိုက်ခိုက်ဖို့ ငွေကြေးရန်ပုံငွေတွေ ရှာဖွေပြီး လှုပ်ရှားမှုတွေလုပ်နေတာကို အနီးကပ်စောင့်ကြည့်နေတယ်။ လက်ရှိအချိန်မှာ ဒီကိစ္စဟာ ခြိမ်းခြောက်နိုင်လောက်တဲ့ အနေအထားမှာ ရှိမနေပါဘူး” ဟု သူကဆိုသည်။ “အခြေအနေကို ထိမ်းသိန်းထားနိုင်တယ်” ဟု သူက ဆက်ပြောခဲ့သည်။ သူက ထပ်လောင်းပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတိုင်းဟာ စစ်အစိုးရကို ဆန့်ကျင်နေသူတွေလို့ ကြိုတင်မသတ်မှတ်မိဖို့လိုတယ်” ဟု သူက သတိပေးခဲ့သည်။ ထိုကဲ့သို့ သတ်မှတ်လိုက်ပါက “သူတို့ကို ကြိုတင်ပြီး အရေးယူဆက်ဆံတာမျိုး ဖြစ်သွားနိုင်တယ်” ဟု သူကဆိုသည်။ ထိုင်းအစိုးရတွင် ထိုအုပ်စုများအတွက် လိုအပ်ပါက လုပ်ဆောင်နိုင်မည့် သတ်သတ်မှတ်မှတ် လုပ်ဆောင်မည့်ယန္တရားရှိသည်ဟု သူကဆိုသည်။

ဆက်စပ်သတင်းအရ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က မနေ့က ဗီဒီယိုကလစ်တခုကို ထုတ်ပြန်ခဲ့သည်။ နေအိမ်အတော်များများ မီးလောင်ကျွမ်းနေပုံဖြစ်သည်။ KNDF၏ ပြောကြားချက်အရ မြန်မာစစ်တပ်မှ ကာယားပြည်နယ် လွယ်ကော်မြို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဆိုသည်။ ကယားပြည်နယ်ကို ကရင်နီပြည်နယ်ဟုလည်း ခေါ်သည်။ တိုက်ပွဲသည် မနေ့က အထိဖြစ်နေပြီး KNDF ဖက်မှ တပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရဖက်မှ ပြည်သူ့စစ်များ တိုက်နေကြခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို