မတ်လ (၄) ရက်။
အမေရိကန်ပြည်နယ် တက်ဆက်မြို့တွင် အဆောက်အအုံပေါင်း ၄၀၀ ခန့် မီးလောင်ကျွမ်းပြီး လူနှစ်ဦး သေဆုံးသွားသည်ဟု သိရှိရသည်။
တက်ဆက်မြို့တောာ်ဝန် ဂရက်အဘော့ (Greg Abbott) က “ ကျွန်တော်တို့ အလွန်ကြီးမားတဲ့ မီးဘေးကို ရင်ဆိုင်နေရပါတယ်” ဟု ဆိုသည်။
“ ဒီစနေ၊ တနင်္ဂနွေမှာ ဖြစ်ခဲ့တဲ့မီးလောင်မှုမှာ ဘယ်သူကိုမှ ပစ်မထားပါဘူး” ဟုသူကဆိုသည်။
မိမိအိမ်ကို မီးမလောင်ရန်အတွက် ကြိုးစားငြိမ်းသတ်နေသူတယောက်က မီးပြင်းလာသည့်အတွက် အိမ်မှထွက်ခွာသွားခဲ့ရသည်။ မီးငြိမ်းသွားပြီးနောက် အိမ်သို့ပြန်လာသည့်အခါ ပြာကျနေသည့်အိမ်ကိုသာ မြင်တွေ့ရတော့သည်။
သူ့အား “ ဘာကြောင့် မီးဆက်မသတ်ပဲ ထွက်ခဲ့ရတာလဲ” ဟု မေးမြန်းသည့်အခါသူက “ ကျွန်တော် ထွက်မသွားရင် သေတော့မယ်ဆိုတာသိလို့ပါ” ဟု ပြန်လည်ဖြေဆိုခဲ့သည်။