နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စားသုံးဆီကို လိုအပ်တာထက် ပိုမိုစားသုံးနေတဲ့အတွက် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဆို

မတ်လ (၄) ရက်။

စားသုံးဆီကို လိုအပ်တာထက် ပိုမိုစားသုံးနေကြတဲ့အတွက် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေသလို တဖက်မှာလည်း ပြည်တွင်းလိုအပ်ချက်ကို ပြည်ပကနေ မှာယူတင်သွင်းရမှုတွေ မြင့်တက်လျက်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ (၃) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုလိုက်ပါတယ်။

စားသုံးဆီကို လိုသလောက်သာ သုံးစွဲမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်မှာဖြစ်တဲ့အပြင် ပြည်တွင်းဆီထွက်သီးနှံတွေကနေထုတ်လုပ်တဲ့ စားသုံးဆီနဲ့ လုံလောက်စေရန် ဆောင်ရွက်နိုင်ရင် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မှာ ဖြစ်တဲ့အတွက် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းနဲ့ ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံတွေ ဧကပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် နိုင်ငံတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

စစ်အစိုးရအဆက်ဆက် တိုင်းပြည်ကို ဆထက်တပိုး ဆိုးသထက် လုပ်လာနေကြရာမှာ အခုတပ်ချုပ်မင်းအောင်လှိုင်လက်ထက်မှာ အဖတ်ဆယ်လို့ မရအောင် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတဦးက ပြောပါတယ်။

ပြည်တွင်းက လယ်သမားတွေရဲ့ မြေယာတွေကို တပ်ပိုင်မြေတွေလုပ်၊ လယ်ယာပိုင် လယ်သမားတွေကို သူရင်းငှား ဖြစ်အောင်လုပ်၊ လယ်သမားတွေ သီးနှံစိုက်ပျိုးရာကနေ ဝင်ငွေမလုံလောက်တဲ့အတွက် သားသမီးတွေ အိမ်နီးနားချင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေမှာ အလုပ်တွေ သွားလုပ်ရအောင် စစ်အစိုးရအဆက်ဆက်က ဖန်တီးခဲ့ကြတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေပဲဆီ၊ နှမ်းဆီစားသုံးရာကနေ နေဝင်းအစိုးရလက်ထက်ကနေ လယ်သမားတွေကို အမျိုးမျိုးဖိနှိပ်လာခဲ့တဲ့အတွက် လယ်သမားတွေ ထင်သလို စိုက်ပျိုးရေး မလုပ်နိုင်တော့သလို လက်သင့်ရာ ခရိုနီတွေကို စားအုံးဆီတင်သွင်းခွင့်တွေပေးခဲ့လို့ မြန်မာနိုင်ငံမှာ စားအုံးဆီတွေ ရောက်လာခဲ့သလို တနင်းသာရီတိုင်းမှာလည်း စားအုံးဆီစိုက်ဖို့ဆိုပြီး လက်သင့်ရာသူတွေကို ဧကပေါင်းမြောက်များစွာ ပေးခဲ့ပြီး အခုထိ ဘာမှ မဖြစ်တဲ့ သာဓကတွေ ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အခုအချိန်ထိ တိုင်းပြည်ရဲ့ လယ်သမားထုကို ဖိနှိပ်နေတဲ့ စစ်အစိုးရထဲမှာ အခုစစ်ကိုင်းဒေသမှာ လယ်သမားတွေရီ အိမ်တွေ မီးရှို့ခံရပြီး စစ်ဘေးရှောင်နေရလို့ စိုက်ပျိုးရေး လုပ်ငန်းတွေ မလုပ်နိုင်အောင်လုပ်တဲ့ တပ်ချုပ်မင်းအောင်လှိုင်ကတော့ အဆိုးဆုံးပါပဲလို့ စစ်ကိုင်းဒေသခံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့စစ်ဘေးရှောင်တဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 44 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 40 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 48 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 46 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 45 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 47 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 37 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်