နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာခိုင်မြဲလျက်ရှိတယ်လို့ စစ်ကောင်စီ ပြော

မတ်လ (၄) ရက်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မြောက်ပိုင်းညီနောင် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်လာပါတယ်။ အချက် (၇) ချက်နဲ့ ပြောဆိုသွားတာ တွေ့ရပါတယ်။

နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာခိုင်မြဲလျက်ရှိပါတယ်။ ဒီအပြင် နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုများ စီမံခန့်ခွဲမှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရများအောက်တွင်သာနိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာ ဆက်လက် ခိုင်မြဲလျက်ရှိသကဲ့သို နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးရေး၊ နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုများ စီမံခန့်ခွဲမှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရများအောက်တွင်သာ ဆက်လက်ရှိနေမှာဖြစ်တယ်လို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“တရုတ်နိုင်ငံ ကူမင်းမြိုမှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မီဒီယာများ၊ အဖွဲအစည်းများ မေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပွဲရဲ့အကြောင်းအရာတွေ၊ သဘောတူညီမှုများနဲ့ ပတ်သက်ပြီး တိကျခိုင်လုံမှုမရှိဘဲနဲ့ ဒါလိုရာဆွဲပြီး ပြောဆိုနေတာတွေ၊ ဖြစ်ချင်တာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦးဆုံး အသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ် ဖက်က ထုတ်ဖော်မပြောဖို သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများ ဖြစ်ကြောင်း အသိပေးလိုပါတယ်“ လို့ဆိုပါတယ်။

”ကျွန်တော်အနေနဲ့ကတော့ ဆွေးနွေးပွဲအကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ ကောလာဟလအပေါ်မှာ ကျွန်တော်တို ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက်အသိပေးရမှာကိုပဲ ပြောကြားလိုပါတယ်။

အဲဒါတွေကတော့ နံပါတ် (၁) အချက်အနေနဲ့ ကျွန်တော်တိုနိုင်ငံရဲ့ နိုင်ငံပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။

နံပါတ် (၂) အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။

နံပါတ် (၃) အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတိုဟာ နှစ်နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။

နံပါတ် (၄) အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။

နံပါတ် (၅) အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး လုံခြုံရေးကိုထိခိုက်စေတဲ့ မူယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုတွေ၊ Cyber မှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပါတယ်။

နံပါတ် (၆) အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပိုက်နက်နယ်မြေတွေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာ မဟုတ်ပါဘူး။

နံပါတ် (၇) အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အေအေဘက်ကတော့ ဟိုင်ဂင်သဘောတူညီချက်ရဲ့ နောက်ဆက်တွဲအရ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးတာတွေ ရှိပေမယ့် ရှမ်းမြောက်အတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ မပတ်သက်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ မီဒီယာတချို့မှာတော့ မကြာမီ ရှမ်းမြောက်မှာကုန်သွယ်ရေး ပြန်စတော့မယ်လို့ ဆိုပါတယ်။ ချင်းရွှေဟော်မှာ အစိုးရက ရုံးဖွင့်မယ်။ ရတဲ့အခွန်ရဲ့ ၇၀ ရာခိုင်နှုန်းကို မြောက်ပိုင်းက ယူမယ်လို့ ဆိုထားပါတယ်။

၄ လပိုင်းမှာ ပြန်လည်ဆွေးနွေးပြီး စာချုပ်ချုပ်ဆိုမယ်လို့ ဆိုပါတယ်။ စစ်တွေ မကျအောင် ပေကျင်းက ခုလိုပဲ ကူမင်းခေါ်ပြီး စာချုပ်ချုပ်ဖို့ ဖိအားပေးလာနိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်ကုန်သွယ်ရေးရဲ့ အခွန်က တစ်နေ့ကို ဒေါ်လာကိုးသန်းဝန်းကျင် ရတယ်လို့လည်း ဆိုကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို