နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့အဆင့်ကိုတော့ ရကို ရရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော်ဆို

မတ်လ (၄) ရက်။

နိုင်ငံတစ်ခုထူထောင်ခြင်း၊ မထူထောင်ခြင်းဟာ တစ်အိမ်ထဲမှာ အတူတူနေထိုင် ရခြင်း၊ မရခြင်းနဲ့ တိုက်ရိုက်သက်ဆိုင် အချိုးကျတယ်လို ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သူခက ပြောပါတယ်။

ဒီနေ့ မတ်လ ၄ ရက်မှာ AA က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

AA အနေနဲ့ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရှိဘဲ လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာ မဟုတ်ဘဲ ကိုယ်တိုင်သာ အာမခံချက်ရှိဖို့ လုပ်ဆောင်သွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျနော်တိုက ခွဲထွက်မှာ မဟုတ်ဘူး။ ကွန်ဖန်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်ကိုတော့ ရကို ရရမယ်လို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်” လို ဆိုပါတယ်။

အတူတူနေထိုင်ရင် လူထုတွေ စိတ်မချမ်းသာဖြစ်နေရတာ၊ ရခိုင်ပြည်သူတွေ နေ့စဥ် သတ်ဖြတ်ခံနေရတာနဲ့ ဖမ်းဆီးခံနေရတာတွေ ဆက်ရှိနေရင် တစ်အိမ်ထဲ ဆက်လက် အတူတူနေထိုင်ရေးကို စဉ်းစာရမယ်လို ခိုင်သုခက ပြောပါတယ်။

တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်(၃) အဖွဲ တွေ့ဆုံခဲ့ပေမယ့် ရခိုင်ဒေသက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

” အခု ကျနော်တို ဟိုင်ဂင်ကိစ္စကိုပဲ ဆွေးနွေးတာဆို တော့ ဟိုင်ဂင်မှာက ရှမ်းမြောက်က AA နဲ့ပဲဆိုင်တယ်။ ရခိုင်ပြည်မှာရှိတဲ့ AA က မပါသေးဘူးခင်ဗျ” လို ဆိုပါတယ်။

ဆွေးနွေပွဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၁) ရက်မှာ သဘောတူညီခဲ့တဲ့ ဟိုင်ဂင်သဘောတူညီမှုကို ပိုမိုခိုင်မာအောင် ပြန်လည်ဆွေးနွေးတာ၊ စစ်ကောင်စီနဲ့ တစ်ဖွဲချင်းအလိုက် ဆွေးနွေးဖို့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ဖို့နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်တာညိုထွန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁) ရက်ကနေ မနေ့က မတ်လ (၃) ရက်အထိ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို