နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်ခဲ့

မတ်လ (၆)ရက်။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် (၅)ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁)နဲ့ ထောင်ဒဏ် (၂)နှစ်နဲ့ ဒဏ်ငွေ (၉)သိန်းစီ ချမှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ လက်ရှိကတော့ မတရားအသင်းပုဒ်မ ၁၇/၁နဲ့ စွဲချက်တက်လာတာပေါ့။ ထောင်ဒဏ် ၂နှစ်နဲ့ ငွေဒဏ် ၉သိန်းဆိုပြီး တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်” လို့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောဆိုထားပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို စစ်ကောင်စီနဲ့ဆက်နွယ်တာကြောင့် မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁)နဲ့ စွဲဆိုခဲ့တာဖြစ်ပြီး အမိန့်ချမှတ်ချိန်မှာတော့ သူတို့ဘက်က ရှေ့နေနဲ့ ပြန်ချေပခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

“ လက်ရှိမြေပြင်အခြေအနေအရကတော့ ရှေ့နေကတော့ မရှိဘူးလို့ပဲ ရိုးရိုးသားသားပြောပါရစေ၊ ဖိတ်ခေါ်တာရှိပေမယ့် သူတို့ဘက်မှာ အမှုလိုက်ရဲတဲ့သူမရှိဘူးပေါ့။ အမှုလိုက်လို့ စစ်ကောင်စီဘက်က သိရင်လဲ အဲ့အခြေအနေအတွက် လုံခြုံမှုမရှိဘူးပေါ့။ အဲ့ဒါကြောင့် မရှိတာ” လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ပါမောက္ခချုပ်နဲ့ ဝန်ထမ်းတွေအပြင် သူတို့မိသားစုဝင် စုစုပေါင်း (၂၀၄)ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး (၁၉၃)ဦးကို ခံဝန်ရေးထိုးကာ နယ်နှင်ဒဏ်ပေးခဲ့ပေမယ့် စစ်ကောင်စီနဲ့ အဓိကဆက်နွယ်တဲ့ ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို တရားရေးဌာနထံ လွှဲပြောင်းပြီး အရေးယူသွားမယ်လို့ IEC-Karenni ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 33 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင်
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေး‌ကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၀၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၇)ရက်။ ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက်တာကြောင်ဆိုပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၂၉)ဦးအထိရှိလာတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ အရေးယူမှု (၁၄၀)မှာ အမျိုးသား (၂၀၁)ဦးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၇)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစီမံကိန်းအတွက် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေဖို့ တမံအမြင့်နဲ့ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ပတ်သက်ပြီး အဆိုပြုနည်းလမ်း (၆)မျိုးနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံးရပ်တန့်အောင် ကူညီပေးဖို့ ကုလနဲ့ အင်အားကြီးနိုင်ငံအစိုးရတို့ကို MNDAA နဲ့ TNLA မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၆)ရက်။ စစ်ကော်မရှင်ဟာ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေစုဝေးရာ နေရာတွေကို ပစ်မှတ်ထားပြီး ရခိုင်အပါအဝင် မြန်မာပြည်အနှံ့အပြားကို နေ့တိုင်း ဗုံးကြဲနေတယ်လို့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၅)ရက်နေ့က မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ဟာ ရဲမေ မအေးငြိမ်းမြတ်(ခ)မငြိမ်းကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ ကွယ်လွန်တယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကာ အခုလို
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို