နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်ခဲ့

မတ်လ (၆)ရက်။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် (၅)ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁)နဲ့ ထောင်ဒဏ် (၂)နှစ်နဲ့ ဒဏ်ငွေ (၉)သိန်းစီ ချမှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ လက်ရှိကတော့ မတရားအသင်းပုဒ်မ ၁၇/၁နဲ့ စွဲချက်တက်လာတာပေါ့။ ထောင်ဒဏ် ၂နှစ်နဲ့ ငွေဒဏ် ၉သိန်းဆိုပြီး တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်” လို့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောဆိုထားပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို စစ်ကောင်စီနဲ့ဆက်နွယ်တာကြောင့် မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁)နဲ့ စွဲဆိုခဲ့တာဖြစ်ပြီး အမိန့်ချမှတ်ချိန်မှာတော့ သူတို့ဘက်က ရှေ့နေနဲ့ ပြန်ချေပခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

“ လက်ရှိမြေပြင်အခြေအနေအရကတော့ ရှေ့နေကတော့ မရှိဘူးလို့ပဲ ရိုးရိုးသားသားပြောပါရစေ၊ ဖိတ်ခေါ်တာရှိပေမယ့် သူတို့ဘက်မှာ အမှုလိုက်ရဲတဲ့သူမရှိဘူးပေါ့။ အမှုလိုက်လို့ စစ်ကောင်စီဘက်က သိရင်လဲ အဲ့အခြေအနေအတွက် လုံခြုံမှုမရှိဘူးပေါ့။ အဲ့ဒါကြောင့် မရှိတာ” လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ပါမောက္ခချုပ်နဲ့ ဝန်ထမ်းတွေအပြင် သူတို့မိသားစုဝင် စုစုပေါင်း (၂၀၄)ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး (၁၉၃)ဦးကို ခံဝန်ရေးထိုးကာ နယ်နှင်ဒဏ်ပေးခဲ့ပေမယ့် စစ်ကောင်စီနဲ့ အဓိကဆက်နွယ်တဲ့ ပါမောက္ခချုပ်အပါအဝင် (၅)ဦးကို တရားရေးဌာနထံ လွှဲပြောင်းပြီး အရေးယူသွားမယ်လို့ IEC-Karenni ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 15 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 15 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 29 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်