နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းပြားမြိုနယ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်

မတ်လ (၇) ရက်။

မတ်လ ၆ ရက်နေ့ ညဘက်မှာ မင်းပြားမြိုနယ်၊ အမ်းသားရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းတကျောင်း၊ အိမ်တလုံးနဲ့ စပါးတောင်း ၂၀၀ ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗုံး ၂ လုံးက အမ်းသားရွာက အမှတ် (၇၁) အခြေခံပညာမူလတန်းကျောင်းတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းလုံးဝပျက်စီးသွားခဲ့ရပြီး ကျောင်းထဲမှာထားတဲ့ စပါးတောင်း ၂၀၀ လည်း ပျက်စီးဆုံးသွားတဲ့လို့ သိရပါတယ်။ အဲ့ဒီအပြင် စာသင်ကျောင်းအနီးက အိမ်တလုံးလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်လှီ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့ ညဘက်မှာလည်း အဲ့ဒီအမ်းသားရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၄ လုံးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခလက်အောက်ရှိ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 3 Views
စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၁၄)ဦး ဖမ်းမိခဲ့တယ်လို့ SAF ထုတ်ပြန် နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့က အမ်းမြို့အခြေစိုက် နပခဌာနချုပ်လက်အောက်ရှိ
မြန်မာသတင်း

ညောင်ဦးမြို့ ငါးသရောက်ရွာရှိ စစ်ကောင်စီရုံးတွေ မီးရှို့ဖျက်ဆီးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 6 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါးသရောက်ရွာက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 18 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ခလရ(၈၀)တပ်ရင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံဖြစ်ပြီး စစ်သုံ့ပန်း
မြန်မာသတင်း

မတ္တရာနဲ့ သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲလို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 11 Views
နိုဝင်ဘာလ (၂၈)ရက်။ မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့
မြန်မာသတင်း

ICC ရဲ့ ပြောကြားတာတွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 7 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ရဲ့ ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် ဘယ်တုန်းကမှ
မြန်မာသတင်း

တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးတွေနဲ့ တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 10 Views
နိုဝင်ဘာလ (၂၈)ရက်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး
မြန်မာသတင်း

ဘတ်ဂျက်ငွေသုံးစွဲနိုင်ဖို့ အခွန်အခတွေရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 7 Views
နိုဝင်ဘာလ (၂၈)ရက်။ ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရှိမှသာ အခွန်အခတွေ ရရှိမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ
မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “ ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို