နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်က တိုက်ကိုတိုက်ရမယ့်မြို့လို့ အထူးစစ်ဆင်ရေးအဖွဲ့(SOF)ပြော

‌မတ်လ (၈)ရက်။

ရန်ကုန်ကို ဦးတည်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ရန်ကုန်ဟာ တိုက်ကိုတိုက်ရမယ့်မြို့ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က သီးသန့်မေးမြန်းခန်းမှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။

“ ရန်ကုန်ကတော့ ကျနော်တို့ တိုက်ကို တိုက်ရမယ့် မြို့ပါ။ ပဲခူး၊ ဧရာ၀တီလဲပါတာပေါ့။ “ လမ်းများအားလုံး နေပြည်တော်သို့” ဆိုတာတွေ၊ “ ရန်ကုန်မှာ ပြန်ဆုံမယ်” ဆိုတာတွေက လေပေါ်မှာ တိုက်အိမ်ဆောက်နေတာမဟုတ်ဘဲ မြေပြင်မှာ အကောင်အထည်ပေါ်လာတာ အားလုံးအသိပါ” လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ဆိုပါတယ်။

အခုအခါ တပ်အင်အားကို နှစ်ဆတိုးနေပြီး လက်နက်ခဲယမ်း လိုအပ်ချက်ရှိသေးပေမယ့် ပြည်သူတွေက ကူညီထောက်ပံ့တာတွေ၊ တိုက်ပြီး သိမ်းယူထားတာတွေနဲ့က တဖြည်းဖြည်း အင်အား ပိုခိုင်မာလာပြီလို့ သိရပါတယ်။

“ ရှေ့ဆက်လုပ်မယ့် လမ်းပြမြေပုံ ရှိပြီးသားပါ။ တပ်ပေါင်းစုပုံစံနဲ့ ညီညီညာညာ လုပ်သွားဖို့နဲ့ ပြည်သူ့အားကို ကိုးစားပြီး ကြိုးစားသွားမှာပါ။ အဓိကကတော့ စကစရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးထောက်တိုင်တွေ အခိုင်အမာရှိတဲ့ မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်ကို ဦးတည်တိုက်သွားမှာပါ” လို့ သူက ဆက်ပြောထားပါတယ်။

SOF အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေဖြစ်တဲ့ “ နန်းထိုက်အောင်” ၊ “ ပျံလွှားအောင်” စတဲ့ တောင်ပိုင်းစစ်ဌာနမှူးရဲ့ တာ၀န်ပေးချက်အရ ရန်ကုန်၊ ဧရာ၀တီနဲ့ မွန်တို့မှာ မြို့ပြစစ်ဆင်ရေးတွေ အများကြီးလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ကရင်မှာဆိုရင် KNU တပ်မဟာ (၆)ရှိ စစ်ကောင်စီအထိုင်စခန်း အားလုံးနီးပါး တိုက်ခိုက်ခဲ့ပြီး စခန်း (၅)ခု သိမ်းနိုင်ခဲ့ကာ ချောင်းနှစ်ခွက စစ်ကြောင်းဖြတ်တောက်တဲ့ စစ်ဆင်ရေးမှာလဲ လက်နက်(၈၀) သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

SOF ဟာ ဧရာ၀တီတိုင်းမှာ စစ်ကောင်စီ၀န်ကြီးချုပ်ယာဉ်တန်းကို တိုက်ခိုက်နိုင်ခဲ့သလို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ပေါင်၊ ဇင်းကျိုက်တို့မှာ စစ်ကောင်စီရဲစခန်းတွေ၊ ပျူစောထီးစခန်းတွေကို ၀င်တိုက်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

SOF တပ်ဖွဲ့ကို KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၈) နယ်မြေအတွင်းမှာ ပြုလုပ်တဲ့ ပထမဆုံး PDF အပတ်စဥ် (၁)ကနေ အထူးရွေးထုတ်ထားတဲ့ ကွန်မန်ဒိုရဲဘော် (၄၁) ဦးနဲ့ စနိုက်ပါရဲဘော် (၁၃) ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ကာ တပ်ဖွဲ့၀င်အင်အား (၁၇၀)ဦးနဲ့ တပ်ရင်းတစ်ရင်း စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 6 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက်
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 11 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 39 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို
မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 31 Views
ဇွန်လ (၂၈)ရက်။ စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့
မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒီမနက်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည