မတ်လ (၈) ရက်။
မတ် ၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ဒေါပုံမြို့နယ် ဝါဆိုတံတားအဆင်းတွင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁) စီးနဲ့ ပုဇွန်တောင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးငြိမ်းခဲ့သည်ဟု သိရှိရပါသည်။
ဒေါပုံဘက်ကနေလာတဲ့ YBS ၁၃၄ က ဂျပန်တံတားပေါ်က ဆင်းလာတဲ့အချိန် အိမ်စီးကား တိုယိုတာ Ipsum က ပုဇွန်တောင်ဘက်ကနေလာပြီး တံတားပေါ်တက်ရမယ့်လမ်းကနေ တံတားပေါ်ကို မတက်ဘဲနဲ့ စက်ဆန်းကို ဖြတ်တက်မယ့်လမ်းဘက်ကို ဖြတ်ကူးတာ တံတားပေါ်က ဆင်းလာတဲ့ YBS က ရှောင်လိုက်ပေမယ့် တိုက်မိသွားပြီး YBS က မှောက်သွားတာဟု မျက်မြင်တစ်ဦးက ပြောပါသည်။
ယင်းသို့ တိမ်းမှောက်ပြီးနောက် YBS ယာဉ်မှာ မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်မှာ အမျိုးသမီးလေးဦးနဲ့ အမျိုးသားတစ်ဦးဒဏ်ရာ ရရှိသွားပြီး ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။
မီးလောင်မှုကို ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါသည်။