မတ်လ (၁၂)ရက်။
ရမ်းဗြဲမြို့ကို မတ်လ (၁၁)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်မကျန် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်လာတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရမ်းဗြဲမြို့တိုက်ပွဲဟာ ရခိုင်စစ်ဆင်ရေးစတင်ခဲ့ပြီး တစ်လကျော်အကြာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ အောင်ချမ်းသာစေတီတိုက်ပွဲကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီရမ်းဗြဲမြို့တိုက်ပွဲဟာ (၈၅)ရက်ကြာ မြို့တွင်းတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေနဲ့ နေ့တိုင်းနီးပါးတိုက်ခိုက်ပေမယ့် AA ရဲ့ ဗျူဟာမြောက်ထိုးစစ်အောက်မှာ လက်မြှောက်အရှုံးပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရမ်းဗြဲကျွန်းတိုက်ပွဲကာလထဲ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလဲ ရက္ခိုင့်တပ်တော်(AA)က လိုက်လံဖမ်းဆီးနေတယ်လို့ ပြောဆိုထားပါတယ်။
(၃)လနီးပါးတိုက်ပွဲအပါအဝင် စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းရမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ နေအိမ်တွေကို ချက်ချင်းဝင်ရောက်တာကို စောလျင်စွာမပြုလုပ်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။