မတ်လ (၁၂)ရက်။
မတ်လ (၁၁)ရက်နေ့ နံနက်(၁၁)နာရီခန့်က မြင်းခြံကနေထွက်လာတဲ့ စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီကားကို မြို့အတွက်မှာ အမှတ်(၈၁၅)PLA တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)စုပေါင်းအင်အားနဲ့ မြင်းခြံ(၃၅)တပ်ဖွဲ့နဲ့ BGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ရဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကားပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကနေ MA1 တလက်၊ MA2 တလက်၊ MA3 တလက်၊ G3 တလက်၊ Type 81 တလက် ၊ MA5 တလက်၊ 5.56 ကျည် (၉၆)တောင့်၊ 7.62 ကျည် (၈၄)တောင့်၊ G3 ကျည် (၁၃၅)တောင့်၊ MA ကျည်ဘောက် (၄)ဘောက်၊ G3 ကျည်ဘောက် (၆)ဘောက်၊ Type 81 ကျည်ဘောက် (၂)ဘောက်၊ MA5 ကျည်ဘောက် တဘောက်၊ ဖုန်း (၄)လုံး ၊ ပါဝါဘန့်ခ်တလုံး ၊ စကားပြောစက်တလုံးနဲ့ ငွေကျပ် ၅ထောင်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။