နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နေတန်ယာဟုသည် ဆက်လက်ကျူးကျော်ရန် ပြင်ဆင်နေပြီး ဘိုင်ဒင်၏ဝေဖန်မှုကို တုံ့ပြန်

မတ်လ (၁၂) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ပိုင်း ဂါဇာကမ်းမြှောင်ရှိ ရာဖာကို ကျူးကျော်ဖို့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မတ်လ (၁၁) ရက်နေ့မှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။ မတ်လ ၉ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်သမ္မတ ဘိုင်ဒင်ရဲ့ သူ့အပေါ်ဝေဖန်မှုကို သူက တုံ့ပြန်လိုက်ပါတယ်။

MSNBC ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဘိုင်ဒင်က နေတန်ယာဟုဟာ အစ္စရေးနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးကြောင်း ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသရှိ စစ်ဆင်မှုတွေမှာ ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျွန်တော်တို့ ပိုမိုအာရုံစိုက်သင့်ပြီး ရာဖာကို ကျူးကျော်ဝင်ရောက်ပါက မျဉ်းနီကို ဖြတ်ကျော်သွားမှာဖြစ်ကြောင်း ဘိုင်ဒင်က သတိပေးခဲ့ပါတယ်။

အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ နေတန်ယာဟုက အမေရိကန်နိုင်ငံရေးသတင်းဝက်ဘ်ဆိုက် Politico နဲ့ ဂျာမန်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နေတန်ယာဟုက “ဘိုင်ဒင် ဘာတွေပြောလိုတာလဲဆိုတာတော့ ကျွန်တော်မသိပေမဲ့ ကျွန်တော်က အစ္စရေးပြည်သူအများစုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ကျွန်တော်ရဲ့ ပုဂ္ဂလိကမူဝါဒကို တွန်းအားပေးလုပ်ဆောင်နေပြီး အဲ့ဒါက နိုင်ငံရဲ့အကျိုးကို ဆုံးရှုံးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုရင်တော့ အဲ့ဒါ မှားနေတယ်” လို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

ရာဖာကို ကျူးကျော်ရန် ရည်ရွယ်ချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပြီး အနီရောင်လိုင်းဆိုတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဟားမတ်စ်တို့ရဲ့ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုမျိုး ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ဒါကို အောင်မြင်ဖို့အတွက် ဟားမတ်စ်ရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေကို ချေမှုန်းပစ်ဖို့ ကျွန်တော်တို့ ပြီးအောင် လုပ်ရမှာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက အဲ့ဒီ ကျူးကျော်တိုက်ခိုက်မှုဟာ နှစ်လကျော်မှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် တိကျတဲ့ ရက်စွဲကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။

မတ်လ (၁၁) ရက်နေ့မှာ ကျရောက်မယ့် ဥပုသ်လမစတင်မီမှာ ရာဖာမြို့ကို အစ္စရေးစစ်တပ်က ချက်ချင်း ကျူးကျော်ဝင်ရောက်လာမှာကို ကြိုမြင်ထားတာမရှိဘူးလို့ အမေရိကန်အရာရှိတွေက မတ်လ (၁၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က ကျူးကျော်မှု မတိုင်မီ အရပ်သားတွေ ဘေးကင်းစေရန်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအစဉ်ကို အခုအချိန်အထိ မတင်ပြရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက