မတ်လ (၁၃)ရက်။
မနေ့က မောင်တောမြို့မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစခန်းကနေ စစ်ကောင်စီရဲ့အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တာကို ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အောင်သပြေနယ်ခြားစောင့်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၇၉)ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ အောင်သပြေစခန်းထဲမှာ ကျန်ရှိနေတဲ့ စားနပ်ရိက္ခာတွေကို သေစေတတ်တဲ့ အဆိပ်တွေ သုတ်လူးထားတာ၊ ရေဗူးတွေထဲထည့်ထားတာနဲ့ အဆိပ်ဆေးဖြန်းထားတာတွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အခြားတော်လှန်ရေးအဖွဲ့တွေအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ သိမ်းဆည်းရမိခဲ့တဲ့ စားနပ်ရိက္ခာတွေကို သတိထားကြဖို့ AA က သတိပေးပြောဆိုထားပါတယ်။
ဒါ့ပြင် မောင်တောမြို့မြောက်ပိုင်းက လက်နက်ချအညံ့မခံသေးတဲ့ စစ်ကောင်စီရဲ့နယ်ခြားစောင့်တပ်စခန်းအချို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။